ငွေကြေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ရန်ကုန်မြို့၌ အောက်တိုဘာ ၉ ရက်တွင်
ပထမဆုံးအကြိမ် အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MIND Investment Institute ၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင် စက်တင်ဘာ ၂၃ ရက်က
ဖော်ပြထားသည်။
အဆိုပါ Post Graduate Diploma in Financial Management Program တွင် CFO,
Finance Director/ Manager level အထိ တက်လှမ်းလိုသူများအတွက် အဓိကမေဂျာလေးခုကို
စာတွေ့၊ လက်တွေ့သင်ကြားရ မည်ဖြစ်ပြီး သင်တန်းကာလ ငါးလ ကြာမြင့်မည်ဖြစ်သည်။
Diploma လေးခုနှင့် ညီမျှသော အပြည်ပြည်ဆိုင်ရာ အဆင့်မီ သင်ရိုးညွှန်းတမ်းများမှာ နိုင်ငံခြား
တက္ကသိုလ်များမှ Finance ဆိုင်ရာ အတွေ့အကြံုရှိ ပါမောက္ခများ ကိုယ်တိုင် ရေးဆွဲထားသော
Program တစ်ခုဖြစ်ခြင်းကြောင့် ကုမ္ပဏီများ၏ Finance department တွင် တာဝန်
ထမ်းဆောင်နေသော ဝန်ထမ်းများ၊ Accountants များ၊ ဘဏ်ဝန်ထမ်းများ၊ ဘဏ္ဍာရေးနှင့်
ငွေကြေး လောကသို့ စတင်ဝင်ရောက်လိုသူများအနေဖြင့် အသိပညာဖွံ့ဖြိုးရေးနှင့်
အလုပ်အကိုင်အခွင့်အလမ်း တိုးတက် ရေးအတွက် လေ့လာသင့်သော Program တစ်ခုဖြစ်သည်။
ယင်းသင်တန်းတွင် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များမှ အရည်အချင်းပြည့်ဝသော
ပါမောက္ခများ ကိုယ်တိုင် သင်ကြားပေးရန် စီစဉ်ထားကြောင်း၊ PDFM Program ကို
Principles of Financial Management၊ Manag- erial Accounting ၊ Planning and
Budgeting၊ Business and Economics ဟူ၍ အပိုင်းလေးခုခွဲထားပြီး အပိုင်းတစ်ခုစီတွင်
အရေးကြီးသော ငွေကြေးနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုအသိပညာတစ်ခုစီကို အထူးပြုသင်ကြား
သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို မည်သည့်ဘွဲ့ရသူမဆို တက်ရောက်နိုင်သည့်အပြင် လုပ်ငန်းအတွေ့အကြံု
ရှိသူများလည်း တက် ရောက်နိုင်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက MIND ရုံး
ဖုန်း- ဝ၉-၉၆ဝ၉၅ ဝဝဝ၈ နှင့် ဝ၉-၂၆၂၃၇ ရ၄၅၄ တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်ဟု
ဆိုသည်။
The Myawady Daily









