DJ Run Festival ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပမည်

DJ Run Festival ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပမည်

ကျန်းမာခြင်းနှင့် ပျော်ရွှင်မှုကို အဓိကဦးစားပေးမည့် DJ Run Festival ပွဲကို မြန်မာနိုင်ငံ၌ လာမည့်
ဒီဇင်ဘာ ၁၇ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ပထမဆုံး
အကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါပွဲဖြစ် မြောက်ရးအဖွဲ့၏ ပြောကြားချက်ကို
ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၂၆ ရက်က
ဖော်ပြထားသည်။

အဆိုပါ DJ Run Festival ပွဲကြီးကို စင်ကာပူနိုင်ငံအခြေစိုက် Hemus Pacificနှင့် Oppo Myanmar
တို့ပူးပေါင်းပြီး ကျန်းမာ ခြင်းနှင့် ပျော်ရွှင်ခြင်းကို အဓိကဦးစားပေးကာ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက်စေရန် နှင့် လူမှုရေးလုပ်ငန်းများ ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်စေရန်
အဓိကရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးများကို အထူး
ကန့်သတ်တားမြစ်ထားကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေးတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်နေသည့်
Oppo Myanmar မှ Commu -nication မန်နေဂျာ ကိုဝေဖြိုးအောင်က ပြောကြားခဲ့သည်။

DJ Run Festival တွင် အာရှတိုက်ရဲ့ နံပါတ်(၁) DJ Player အမျိုးသမီးဖြစ်သော
Leng- yeign အပါအဝင် DJ Player စုစုပေါင်း ငါးဦး လာရောက်ဖျော်ဖြေမည်ဖြစ်ကာ
DJ Music Point ငါးခုထားရှိသွားမည်ဟု ဆိုသည်။ မည်သူမဆို ပါဝင် ဆင်နွှဲနိုင်ပြီး
နိုင်ငံခြားသားများအတွက် အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာနှင့် ပြည်တွင်းမှ ဝင်ရောက်
ကစားလိုသူများအတွက် ငွေကျပ် ၁၈ဝဝဝ သတ်မှတ်ထားကာ စောစီးစွာဝယ်ယူသူများအား
သတ်မှတ်စျေးနှုန်းထက် ထပ်မံလျှော့ချပေးသွားမည်ဖြစ်သည်။

လက်မှတ်ရောင်းချမည့် ရက်နှင့် နေရာတို့ကို Oppo Myanmar ၏ Facebook Page နှင့်
DJ Run Festival ၏ Facebook Page တို့တွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။