ဂျပန်နိုင်ငံ၊ အဆာဟိရှင်ဘွန်းသတင်းစာ၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ်
နှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့သော ဦးတင်မောင်အေးအား အဆာဟိရှင်ဘွန်း
သတင်းစာမှနှစ်ရှည်လများ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့မှုကို ချီးကျူးဂုဏ်ပြုရန်
ဖိတ်ကြားမှုကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်အေးနှင့်အတူ ဂျပန်င်ငံသို့ စက်တင်ဘာ ၂၅ ရက်တွင်
ထွက်ခွာသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာ ၂၆ ရက်က ဖော်ပြထားသည်။
ဦးတင်မောင်အေးသည် မြန်မာနိုင်ငံခြားသတင်းထောက်အသင်းတွင် အလုပ်အမှုဆောင်အဖြစ်
ဆယ်စုနှစ် တစ်ခုနီးပါးလုပ်ကိုင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးတို့နှင့် ပတ်သက်၍ သတင်းများ၊ ဆောင်းပါးများကို
ပြည်တွင်းပြည်ပ၌ ရေးသားလျက် ရှိကြောင်း သိရသည်။
MOI Webportal Myanmar










