(၂၉)ကြိမ်မြောက် ဆီးဂိမ်းတွင် မြန်မာအလေးမအဖွဲ့ ဝိတ်တန်းငါးတန်းလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

(၂၉)ကြိမ်မြောက် ဆီးဂိမ်းတွင် မြန်မာအလေးမအဖွဲ့ ဝိတ်တန်းငါးတန်းလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

 

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှ
အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံအလေးမအဖွဲ့အနေဖြင့် အိမ်ရှင်နိုင်ငံက ထည့်သွင်းကျင်းပသော
ဝိတ်တန်း ငါးတန်းတွင် ငါးတန်းစလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအလေးမ
အဖွဲ့ချုပ်၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာ၂၆ ရက်က ဖော်ပြထားသည်။

လာမည့် မလေးရှားဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်မြန်မာအလေးမအဖွဲ့အနေဖြင့် တစ်နှစ်နီးပါး
လေ့ကျင့်ပြင်ဆင်ခဲ့ပြီးနောက် လိုချင်သော ပုံစံရပြီဖြစ်ကြောင်း၊ ပိုမိုတိုးတက်အောင် ဘူဂေးရီးယား
နိုင်ငံသားနည်းပြကို ငှားရမ်းထားကြောင်း မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဦးမြင့်ဆွေက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အလေးမအဖွဲ့အနေဖြင့် ဆီးဂိမ်းတွင်အတတ်နိုင်ဆုံး
ရွှေတံဆိပ်ရရှိရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး အဓိကပြိုင်ဘက်များမှာ ထိုင်း၊ ဗီယက်နမ်၊
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ဖြစ်သည်ဟု ဆိုသည်။

(၄၄) ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလေးမပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသည့်
စံချိန်တင် အားကစားသမားများထဲမှ အကောင်းဆုံးကစားသမားနှစ်ဦးကို ရွေးချယ်ကာ
လာမည့် နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပမည့်အသက် ၁၇ နှစ်အောက်
အာရှလူငယ်အလေးမပြိုင်ပွဲသို့စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar