အောက်တိုဘာလမှစ၍ ချောင်းသာကမ်းခြေ၌ ဆိုင်ကယ်နှင့် လေးဘီးစက်တပ်ယာဉ်များ စီးနင်းခြင်းကို တားမြစ်သွားမည်

အောက်တိုဘာလမှစ၍ ချောင်းသာကမ်းခြေ၌ ဆိုင်ကယ်နှင့် လေးဘီးစက်တပ်ယာဉ်များ စီးနင်းခြင်းကို တားမြစ်သွားမည်

လာမည့်ပွင့်လင်းရာသီ ဖြစ်သော အောက်တိုဘာလမှစ၍ ချောင်းသာကမ်းခြေ၌ ကမ်းခြေသာယာ
လှပရေးနှင့် အပန်း ဖြေသူများ အနှောင့်အယှက်မဖြစ်စေရေးအတွက် ဆိုင်ကယ်နှင့် လေးဘီး
စက်တပ်ယာဉ်များစီးနင်းခြင်းတို့ကို တားမြစ်သွားမည် ဖြစ်ကြောင်း ချောင်းသာဟိုတယ်ဇုန်
အတွင်းရေးမှူး ဦးမင်းကျော်ဦး ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
စက်တင်ဘာ ၂၇ ရက်က ဖော်ပြထားသည်။

ကမ်းခြေ၌ ဆိုင်ကယ်စီးခြင်း၊ လေးဘီးစက်တပ်ယာဉ်စီးခြင်း တို့ကို တားမြစ်မည့်အပြင်
ကမ်းခြေအလှအပကို ထိခိုက်စေပြီး အများပြည်သူအား အနှောင့်အယှက်ဖြစ်စေသည့်
ကမ်းခြေ၌ ထိုင်ခုံများချကာ စျေးရောင်းချခြင်းနှင့် အရက်သေစာ၊ မူးယစ် ဆေးဝါးများရောင်းချခြင်း
တို့ကိုလည်း တားမြစ်မည် ဖြစ်ကြောင်း သိရသည်။

မြင်းစီးခြင်းကိုလည်း ညှိနှိုင်းမှှုများပြီးစီးပါက သတ်မှတ်ထားသော ပုံစံဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊
စက်ဘီးစီးခြင်းကိုမူ ယခင်အတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ခေါင်းရွက်ဗျပ်ထိုးစျေး သည်များ၊
အထမ်းဖြင့် ရောင်းသော စျေးသည်များမှအပ အခြား စျေးသည်အားလုံးကို ရောင်းချခွင့်ပြုမည်
မဟုတ်ကြောင်း ဦးမင်း ကျော်ဦးက ပြောကြားခဲ့သည်။