ပြည်တွင်း၌ ကလေးလုပ်သားပပျောက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လိုအပ်နေ

ပြည်တွင်း၌ ကလေးလုပ်သားပပျောက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လိုအပ်နေ

ပြည်တွင်း၌ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ကလေးလုပ်သားပပျောက်ရေးကိုလည်း
အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတကာအလုပ်သမား အဖွဲ့ချုပ်နှင့်
နိုင်ငံတကာ အလုပ်သမားအခွင့်အရေးကာကွယ် ရေးအဖွဲ့များက တိုက်တွန်းထားကြောင်း
မြဝတီသတင်းတစ်ရပ် တွင် စက်တင်ဘာ ၂၇ ရက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်တွင်း၌ စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး
အခကြေးငွေ ပေးရာတွင် သက်သာ သည့် ကလေးလုပ်သားအသုံးပြုမှုများလည်း မြင့်တက်
လာသည် ဟု သတိပေးမှုများ ပေါ်ထွက်ခဲ့သဖြင့် နိုင်ငံတကာအလုပ်သမား အဖွဲ့ချုပ်နှင့်
ကလေးလုပ်သားပပျောက်ရေးအတွက် ဖော်ဆောင်မည့် သဘောတူညီမှုများကို
လက်မှတ်ရေးထိုးရန် စီစဉ်ပြီး ဖြစ် သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ အလုပ်သမားဥပဒေနှင့် ပတ်သက်၍ လက်တွေ့ ကျင့်သုံးဆောင်ရွက်ရာတွင်
အားနည်းချက်များ ရှိနေခြင်း၊ ထိရောက်စွာ ဆောင်ရွက်နိုင်မှုအားနည်းခြင်းနှင့် အရေးယူရာတွင်
လိုအပ်ချက် များရှိနေခြင်းတို့ကို တွေ့ကြံုနေရပြီး ကလေး လုပ်သားပပျောက်ရေးစီမံကိန်းများ
ဖော်ဆောင်ရာတွင် အဆိုပါ အားနည်းချက်များကို လျှော့ချနိုင်ရန် အလေးပေးဆောင်ရွက်
သင့်ကြောင်း၊ နိုင်ငံတကာ အလုပ် သမားအဖွဲ့ချုပ်အနေဖြင့်လည်း ကလေးလုပ်သားလျှော့ချရေး
စီမံကိန်းများ ဖော်ဆောင်ရာတွင် ပညာသင်ကြားနိုင်ခြင်းမရှိသည့် ကလေးလုပ်သားများအား
ပညာသင်ကြားနိုင်မည့် အစီအစဉ်များကို ထည့်သွင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။