၀ါးဖြင့်ပြုလုပ်သော တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ရန် ၀ါးစိုက်ခင်းများ လိုအပ်

၀ါးဖြင့်ပြုလုပ်သော တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ရန် ၀ါးစိုက်ခင်းများ လိုအပ်

 

မြန်မာနိုင်ငံ၌ ဝါးဖြင့် ပြုလုပ်သော တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက
သဘာဝအတိုင်း ပေါက်သည့် ဝါးပင်များနှင့် မလုံလောက်ဘဲ အရည်အသွေးမြင့်
ဝါးကုန်ကြမ်းများ ရရှိရန် ဝါးစိုက်ခင်းများ လိုအပ်ကြောင်းမြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ
အသင်းဥက္ကဋ္ဌ ဦးကျော်သူ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
စက်တင်ဘာ ၂၇ ရက်က ဖော်ပြထားသည်။

ဝါးစိုက်ပျိုးရန် မြေနေရာ၊ နည်းပညာ၊ ဒီဇိုင်းနှင့် စိတ်ကူးစသည့် လိုအပ်ချက်များ ရှိသဖြင့်
ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊
တစ်ပိုင်တစ်နိုင်စိုက်ပျိုးရုံမျှဖြင့် အောင်မြင်မည်မဟုတ်ဘဲ အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိက
သုံးဦးပူးပေါင်းလုပ်ဆောင်မှအောင်မြင်သော စီမံကိန်းများ ဖြစ်လာမည်ဖြစ်ကြောင်း
ဦးကျော်သူက ပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်ပနိုင်ငံများ၌ ဝါးဖြင့် ပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများသာမက
အဝတ်အထည်များနှင့် အလှကုန်ပစ္စည်းများ အစရှိသည့် အမျိုးအစားပေါင်း ၂ဝဝဝ ကျော်ကို
တွင်ကျယ်စွာ ထုတ်လုပ် အသုံးပြုလျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၌ စျေးကွက်ဝင်
ဝါးအမျိုးအစားပေါင်း၂၈ မျိုးရှိပြီး ပေါက်ရောက်သည့် ဒေသမတူညီသဖြင့် လက်မှုပစ္စည်းများ
ပြုလုပ်ရာတွင်လည်း အသုံးပြုသော ဝါးကုန်ကြမ်းမတူညီကြောင်းမြန်မာနိုင်ငံ ကြိမ်နှင့်
ဝါးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

Myawady Daily