ကျောက်ခွက်-လက်ပံတို ရေနံမြေမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက်လိုင်းပေါက်မှုဖြစ်ပွား

ကျောက်ခွက်-လက်ပံတို ရေနံမြေမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက်လိုင်းပေါက်မှုဖြစ်ပွား

ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် ၂ ရပ်ကွက်နေ ဦးမျိုးဝင်း၏နေအိမ်ဝင်းအတွင်းတွင်
ကျောက်ခွက် - လက်ပံတို ရေနံမြေများမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သောရေနံပိုက်လိုင်း
ပေါက်ပြီး ရေနံများ ယိုစိမ့်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာ ၂၈ ရက်ကဖော်ပြထားသည်။

အဆိုပါ ရေနံပိုက်လိုင်းပေါက်သည့်နေရာသို့ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နွယ်၊ ကမ္မမြို့
အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၊ မြစ်ခြေမီးသတ်နယ်မြေစခန်းမှူး ဦးစည်သူအောင်နှင့် မီးသတ်၊
ရဲ တပ်ဖွဲ့ဝင်များ ချက်ချင်းသွားရောက်ခဲ့ပြီး တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ရာ
ယာကြီးတောင် ရေနံမြေမှ အထွေထွေမန်နေဂျာဦးသန်းနိုင်နှင့် လက်ပံတိုရေနံမြေမှ
တာဝန်ရှိသူများ လာရောက်ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ရေနံပိုက်လိုင်းပေါက်၍ ရေနံယိုစိမ့်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိသော်လည်း
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ၄ နေရာပေါက်ခဲ့ဖူးကြောင်း၊ မြိုင်မြို့နယ်၊
ကျောက်ခွက်ရေနံမြေ၊ ပေါက် မြို့နယ် လက်ပံတိုရေနံမြေများမှ ထွက်ရှိသောရေနံများအား
ပခုက္ကူမြို့နယ် အရာတော်ရေနံမြေသို့ ဆက်သွွယ်ပေးပို့သည့် အဆိုပါပိုက်လိုင်းသည်
သက်တမ်း နှစ် ၂၀ ကျော်ရှိပြီး ကမ္မမြို့၊ လူနေရပ်ကွက် အတွင်း
ဖြတ်သန်းဆက်သွယ်ထားသဖြင့် ယခုကဲ့သို့ အကြိမ်ကြိမ် ပိုက်လိုင်းပေါက်၍
ရေနံယိုစိမ့်မှုများ မှာ ဒေသခံပြည်သူများ သတိမထားမိချိန်ဖြစ်ပွားပါက အန္တရာယ်များကြောင်း
ကမ္မမြို့ပြည်သူများက ပြောကြားခဲ့သည််ဟု ဆိုသည်။