ယခုနှစ်တွင် ပြည်ပသို့ထွက်၍ ရာထူးတိုးစာမေးပွဲ ဖြေဆိုမည့် မြန်မာသင်္ဘောသား ဦးရေလျော့နည်းလာ

ယခုနှစ်တွင် ပြည်ပသို့ထွက်၍ ရာထူးတိုးစာမေးပွဲ ဖြေဆိုမည့် မြန်မာသင်္ဘောသား ဦးရေလျော့နည်းလာ

 

ယခုနှစ်တွင် ပြည်ပသို့ ထွက်၍ ရာထူးတိုးစာမေးပွဲဖြေဆိုသည့်မြန်မာသင်္ဘောသားဦးရေ သိသာစွာ
လျော့နည်း သွားကြောင်းမြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာ ၂၉ ရက်က ဖော်ပြထားသည်။

ယခင်က ပြည်တွင်း၌ စာမေးပွဲဖြေဆိုမည့် သင်္ဘောသားများကိုစာတွေ့၊ လက်တွေ့
သင်ကြားပေးနိုင်မည့် သင်တန်းကောင်းများ မရှိခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်အတွင်း ပြည်တွင်း၌
ပုဂ္ဂလိကအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်လာသဖြင့် မြန်မာသင်္ဘောသားများ
စာမေးပွဲဖြေရာတွင် အထောက်အကူပြုခဲ့ပြီးပြည်ပသို့ ထွက်၍ ဖြေဆိုသည့်နှုန်း
လျော့သွားခြင်းဖြစ်ကြောင်း ဝါရင့်မြန်မာသင်္ဘောသားဦးဝေဖြိုးက ပြောကြားခဲ့သည်။

ယခုနှစ်ထဲတွင် ပြည်တွင်း၌ အောင်ချက်ရာခိုင်နှုန်းမြင့်မားမှုသည် ယခင်နှစ်များထက်
ပျမ်းမျှအားဖြင့် ထက်ဝက်ခန့် မြင့်တက်လာကြောင်း၊ သင်္ဘောသားများသည် ကုန်းပတ်နှင့်
အင်ဂျင်ပိုင်း စသည့် ရာထူးများနှင့် သက်ဆိုင်သည့် စာမေးပွဲများကို ဖြေဆိုကြကြောင်း
သိရသည်။ မြန်မာသင်္ဘောသားများ ပြည်ပသို့ ထွက်၍ ရာထူးတိုး စာမေးပွဲဖြေဆိုရာတွင်
ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့၌ သွားရောက်ဖြေဆိုကြပြီး လက်ရှိတွင် ပြည်တွင်း၌
မှတ်ပုံတင်ထားသောမြန်မာသင်္ဘောသားဦးရေ တစ်သိန်းနီးပါးရှိနေပြီဖြစ်သည်ဟု
ဆိုသည်။