လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ၁ ရာခိုင်နှုန်းခန့်သာရှိ

လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ၁ ရာခိုင်နှုန်းခန့်သာရှိ

 

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှ ရရှိသော ဝင်ငွေပမာဏသည် အိမ်နီးချင်းနိုင်ငံများကြား၌
အနိမ့်ဆုံးဖြစ်ပြီး လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၁ ရာခိုင်နှုန်းခန့်သာ ရှိနေခြင်းကြောင့်
ရင်းနှီးမြှုပ်နှံမှု ပိုမိုလာရေးဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု
ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာ ၂၉ ရက်က ဖောြ်ပထားသည်။

လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း ၀.၅ ရာခိုင်နှုန်းခန့်သာ ရှိသဖြင့် လယ်ယာကဏ္ဍ
ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို တိုးမြှင့်ရန်အတွက် လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍနှစ်ခုချိတ်ဆက်ပြီး
တိုးတက်အောင် လုပ်သွားရန် အစီအစဉ်ရှိကြောင်း ဦးသန်းအောင်ကျော်ကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှ ရရှိသော ဝင်ငွေကို တစ်နိုင်ငံလုံးရှိ လူဦးရေပေါ် မူတည်ပြီး
တွက်ချက်ရာတွင် ပျမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ၂ဝဝ သာ
ရရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍသည် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး၏ ၃၂ ရာခိုင်နှုန်းရှိပြီး
ပြည်ပပို့ကုန်ဝင်ငွေ၏ ၂ဝ ရာခိုင်နှုန်းသာရှိကြောင်း၊ အလုပ်အကိုင်ရရှိမှုတွင်မူ ၆ဝ ရာခိုင်နှုန်းအထိ
ရှိကာမြင့်မားသည့် အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေးအတွက်
စီးပွားရေးကဏ္ဍကို တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) မှ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့၌ နိုင်ငံခြား
ရင်းနှီး မြှုပ်နှံမှုကို ရာနှုန်းပြည့်ခွင့်ပြုထားခြင်းမရှိဘဲ အကန့်အသတ်များဖြင့်သာ
ခွင့်ပြုထားခြင်းဖြစ်သည်။ လယ်ယာကဏ္ဍ၌ နိုင်ငံတော်အစိုးရက ချေးငွေနှင့် ပတ်သက်သည့်
ပ့ံပိုးမှုများ လုပ်ဆောင်ပေးခြင်း၊ စက်မှုလယ်ယာစက်ကိရိယာများ အရစ်ကျစနစ်ဖြင့်
ရောင်းချပေးခြင်းနှင့် ပုဂ္ဂလိကဘဏ်များမှ ချေးငွေပေးခြင်းတို့ လိုအပ်နေသည်ဟု
ဆိုသည်။