မြန်မာ့စီးပွားရေးဘဏ်၏ ဝန်ဆောင်မှုအသစ်အနေဖြင့် ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများတွင်
တစ်နှစ် သက်တမ်း စာရင်းသေအပ်နှံငွေ (Fixed De -posits) များအား အတိုးနှုန်း
၉ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် အောက်တိုဘာ ၁ ရက်မှစ၍ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၂၉ရက်က ဖော်ပြထားသည်။
အချိန်ပိုင်းအပ်ငွေအဖြစ် စာရင်းသေအပ်နှံငွေ (Fixed Deposits) များ ကို ၁၉၉၄ ခုနှစ်
အောက်တိုဘာ ၁ ရက်မှစ၍ သုံးလအပ်နှံငွေအတွက် အတိုးနှုန်း ၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့်
လည်းကောင်း၊ ခြောက်လ အပ်နှံငွေအတွက် အတိုးနှုန်း ၈ ဒသမ ၅ဝ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊
ကိုးလအပ်နှံငွေအတွက် အတိုးနှုန်း ၈ ဒသမ ရ၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း
လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မှ
သိရသည်။









