ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အာရှဒေသ ဆိုင်ရာ မြစ်ဝှမ်းအဖွဲ့အစည်းများ ကွန်ရက်အဖွဲ့ဝင်အဖြစ် ဝင်ရောက်

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အာရှဒေသ ဆိုင်ရာ မြစ်ဝှမ်းအဖွဲ့အစည်းများ ကွန်ရက်အဖွဲ့ဝင်အဖြစ် ဝင်ရောက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာနသည် ဂျပန်နိုင်ငံ(Japan Water Agency) က ဦးဆောင်ဆောင်ရွက်နေသော
အာရှဒေသဆိုင်ရာ မြစ်ဝှမ်းအဖွဲ့ အစည်းများကွန်ရက် (NARBO) သို့ အဖွဲ့ဝင်အဖြစ်
စက်တင်ဘာ ၂၁ ရက်မှ စတင်၍ အသိအမှတ်ပြုဝင်ရောက်ခွင့်ရရှိခဲ့ ကြောင်း ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ပြော ကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် စက်တင်ဘာ ၃၀ ရက်က ဖော်ပြထားသည်။

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသော မြစ်ဝှမ်းဒေသများ၏ မြစ်စတင်စီးဆင်းရာမှ
မြစ်အဆုံးအထိ သဘာဝပတ်ဝန်းကျင်မထိခိုက် စေဘဲ ရေကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်မည့်
စီမံခန့်ခွဲမှုနည်း ပညာများ ရရှိမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ မြစ်ဝှမ်းဒေသများကို
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ သဘာဝအတိုင်း ရေရှည် တည်တံ့ခိုင်မြဲအောင်
ထိန်းသိမ်းနိုင်မည့် နည်းပညာများကိုလည်း ရရှိ မည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်ထွန်းက ပြောကြားခဲ့သည်။

အာရှဒေသဆိုင်ရာ မြစ်ဝှမ်းအဖွဲ့အစည်းများ ကွန်ရက်ကို ၂၀၀၄ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး
အာရှဒေသတွင်းရှိ မြစ်ဝှမ်းအဖွဲ့အစည်းများ ကြား အချက်အလက်အတွေ့အကြုံများဖလှယ်ခြင်း၊
အချင်းချင်းအပြန် အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းများ၊ ရေနှင့်ပတ်သက်သော
ကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။

ကွန်ရက်အဖွဲ့ဝင်အဖြစ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ အတူတကွ
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ တွင် မြစ်ဝှမ်းဒေသအဖွဲ့အစည်းများ
ဖွဲ့စည်းပေါ်ပေါက်လာစေရေးနှင့် မြစ်ဝှမ်းဒေသစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာနည်းနာများကို
အစပြုအသုံးချ သွားနိုင်ရေးတို့ကို ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။