အာရပ်စော်ဘွားများပြည်ထောင်စုမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော အာရှဘိလိယက်ပြိုင်ပွဲ၌
မြန်မာနိုင်ငံမှ ဘိလိယက်အားကစားသမား အောင်ဌေး က ငွေတံဆိပ်ဆုရရှိခဲ့ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန ၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၃ ရက်က ဖော်ပြထားသည်။
အောက်တိုဘာ ၁ ရက်တွင် အာရှဘိလိယက်တစ်ဦးချင်း ဗိုလ်လုပွဲစဉ်၌ အိန္ဒိယနိုင်ငံသား Siddharth
Parikh နှင့် ယှဉ်ပြိုင်ကစားရာ ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့ ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် အာရှနိုင်ငံပေါင်းစုံမှ ဘိလိယက် အားကစားသမား ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ နိုင်ငံမှ
အောင်ဌေးသည် အာရှအဆင့်တွင် ဒုတိယရရှိခဲ့ သည်။ အောင်ဌေးသည် (၂၉)ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘိလိယက် အားကစားပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ နှစ်ရှည်စခန်းသွင်း လေ့ကျင့်လျက်ရှိပြီး ရွှေတံဆိပ်ရရှိရန်
မျှော်မှန်းထားသူ ဖြစ်သည်။
(၂၇)ကြိမ်မြောက်နှင့် (၂၈)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတို့တွင်လည်း
ဘိလိယက်အားကစားနည်းနှင့် နိုင်ငံတော်အတွက် ရွှေတံဆိပ်ရယူပေးထားသူဖြစ်ကြောင်း
သိရသည်။










