ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အပန်းဖြေလေ့လာနိုင်ရေး မန်နယ်မှော်ယောကြီး ဆင်စခန်းဖွင့်

ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အပန်းဖြေလေ့လာနိုင်ရေး မန်နယ်မှော်ယောကြီး ဆင်စခန်းဖွင့်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမိုင်တိုင်အမှတ် ၁ဝ၅/၇
အနောက်ဘက် တစ်မိုင်ခန့် အကွာ မှော်ယောကြီးဆင်စခန်းအား အောက်တိုဘာ ၂ ရက်က
ဖွင့်လှစ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်
အောက်တိုဘာ ၃ ရက်က ဖော်ပြထားသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အားပေးရုံသာမက တောတောင်ရေမြေသဘာဝအလှရှုခင်များ
ကြည့်ရှုနိုင်ရန်နှင့် ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာနိုင်ရန်အတွက် ပဲခူးမြောက်
သစ်ထုတ်လုပ်ရေးဒေသအား မန်နယ်မှော်ယောကြီး ဆင်စခန်းအဖြစ် လက်ထောက်မန်နေဂျာ
ကိုတင်ကျော်မိုး ဦးစီး၍ ဆင် ၁၂ ကောင်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်ပရဟိတအဖွဲ့များက ဒေသခံ ပြည်သူများအား ဆေးကုသပေးခြင်း၊
စားသောက်ဖွယ်ရာများ၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အမှတ်တရ
သစ်ပင်များစိုက်ပျိုးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။