အင်းဝအပ်ချုပ်ဆိုင်မိသားစုအမှု ရှေ့နေမစုံ၍ လာမည့်သီတင်းပတ်မှသာ စတင်စစ်ဆေးနိုင်မည်

အင်းဝအပ်ချုပ်ဆိုင်မိသားစုအမှု ရှေ့နေမစုံ၍ လာမည့်သီတင်းပတ်မှသာ စတင်စစ်ဆေးနိုင်မည်

အင်းဝအပ်ချုပ်ဆိုင်မိသားစုအမှုတွင် ရှေ့နေစုံလင်စွာ ငှားရမ်းနိုင်ခြင်း မရှိသေး၍
လာမည့် သီတင်းပတ်မှသာ စတင်စစ်ဆေးနိုင်မည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ရ ရက်က ဖော်ပြထားသည်။

အိမ်အကူအမျိုးသမီးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့မှုနှင့် ပတ်သက် ၍ ကျောက်တံတားမြို့နယ်၊
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၊ ခင်ပွန်း ကိုလတ်(ခ) မိုဟာမက်ရှဖီး၊
သားတင်မင်းလတ်(ခ) ဖိုက်ဇယ်၊ သမီးမစုမွန်လတ်၊ ရာဇာထွန်းနှင့် မသီရိလတ်တို့ကို
ခြောက်ဦးကို ဒုတိယရဲမှူးကြီးမျိုးသိန်းက တရားလိုပြုလုပ်ပြီး အမှုဖွင့်တရားစွဲဆိုခဲ့ရာ
ရာဇဝတ်ကြီးအမှုအမှတ် ၁၁ဝ/၁၆ (၂ဝ၁၆ ခုနှစ် ရာဇဝတ်ကြီးအမှု အမှတ် ၁၁ဝ) ဖြင့်
အောက်တိုဘာ ၆ ရက်က ရန်ကုန်အနောက်ပိုင်း ခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ကိုလတ်နှင့် တင်မင်းလတ်တို့နှစ်ဦးအတွက် ရှေ့နေတစ်ဦး၊ သီရိလတ်
တစ်ဦးတည်း အတွက် ရှေ့နေတစ်ဦးသာ ငှားရမ်းနိုင်ခဲ့ပြီး ကျန်သုံးဦးအတွက်
ရှေ့နေငှားရမ်းရန် လိုအပ်နေသေး၍ အမှုကို စတင် စစ်ဆေးနိုင်ခြင်းမရှိသေးဘဲ
လာမည့် သီတင်းပတ် ကြာသပတေးနေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း၊ ၎င်းတို့အနေဖြင့်
ရှေ့နေငှားရမ်းနိုင်ခြင်းမရှိပါက နိုင်ငံတော်ဘက်မှ ဥပဒေနှင့်အညီငှားရမ်းပေးသွားမည်ဖြစ်ကြောင်း
ခရိုင်တရားသူကြီးက တရားခွင်၌ ပြောကြားခဲ့သည်ဟု ဆိုသည်။