ခရီးသွားများသွားရောက်လည်ပတ်သင့်သည့် နေရာငါးခုကို ကြေညာမည်

ခရီးသွားများသွားရောက်လည်ပတ်သင့်သည့် နေရာငါးခုကို ကြေညာမည်

ယခုနှစ်ပွင့်လင်းရာသီတွင် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ သွားရောက်
လည်ပတ်သင့်သည့် ပြည်တွင်းရှိ စိတ်ဝင်စားစရာနေရာ ငါးခုကို ယခုတစ်ပတ်အတွင်း
ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း တွဲဖက်
အတွင်းရေးမှူး ဦးစိုးထိုက်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
အောက် တိုဘာ ၆ ရက်က ဖော်ပြထားသည်။

လက်ရှိတွင် နေရာ ၂ဝ အနက် အကောင်းဆုံးဖြစ်မည့် နေရာ ငါးနေရာကို
အသေးစိတ်ရွေးချယ်နေကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တမ်းများ
ကောက်ယူထားပြီး ဒေသအလိုက် လည်ပတ်သင့်သော နေရာများ၊ စျေးနှုန်းများ၊
ဒေသရိုးရာဓလေ့များနှင့် ထူးခြားရှားပါးသော အခြေအနေများကိုပါ
အသေးစိတ်ကြေညာပေး သွားမည်ဖြစ်ကြောင်း ဦးစိုးထိုက်က ပြောကြားခဲ့သည်။

ယခင်နှစ်တွင် ခရီးသွားဧည့်သည်များအနေဖြင့် လူသိများသောနေရာထက်ထူးခြားသည့်
ဒေသများနှင့် သွားလာရေးအဆင်ပြေနိုင်မည့်နေရာ များကို ဦးစားပေးရွေးချယ်ကြသဖြင့်
လက်ရှိအနေအထားအရ ထုတ်ပြန် ကြေညာမည့် နေရာငါးခုကို အတိအကျမရွေးချယ်
ရသေးသော်လည်း ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ ဂေါ်ရင်ဂျီကျွန်း၊
ပြည် သရေခေတ္တရာမြို့ဟောင်းနေရာများ ပါဝင်ရန် များကြောင်း၊ ထိုသို့ ကြေညာ
ရာတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး နေရာဒေသ
တစ်ခုချင်းစီ၏ အသေးစိတ် အချက်အလက်များကိုပါ ထည့်သွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း
သိရသည်။

သရေခေတ္တရာမြို့ဟောင်းကို ထည့်သွင်းရွေးချယ်မည်ဆိုပါက မြို့ဟောင်း၏
သမိုင်းတွင် တစ်ထောင့်တစ်နေရာပါ၀င်ပြီး ဒေသခံမဟုတ်သူများ အသိ နည်းနေသေးသည့်
သုံးပန်လှမင်းသမီးနှင့် သက်ဆိုင်ရာနေရာများကို ထည့် သွင်းစဉ်းစားစေချင်ကြောင်း
ပြည်မြို့မှ ဒေသခံဦးလှစောက ပြောကြားခဲ့သည်။