ကမ္ဘောဇဘဏ်လီမိတက်၏ စင်ကာပူနိုင်ငံ နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားကို
စင်ကာပူနိုင်ငံ The Fullerton Singapore Hotel တွင် အောက်တိုဘာ ၆ ရက် ညနေပိုင်းက
ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၀ ရက်က
ဖော်ပြထားသည်။
ယခုကဲ့သို့ စင်ကာပူနိုင်ငံတွင် ကမ္ဘောဇဘဏ်၏ နိုင်ငံတကာ ဘဏ်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ရန်
အတွက် စင်ကာပူနိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်
ဇွန် ၁၅ ရက်တွင် တရားဝင်ဖွင့်လှစ်ခွင့်လိုင်စင်ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကမ္ဘောဇဘဏ်၏ တတိယမြောက် နိုင်ငံတကာ ဘဏ် ကိုယ်စားလှယ်ရုံးကို
မလေးရှားနိုင်ငံတွင် ဖွင့်လှစ်ရန် စက်တင်ဘာ ၂၇ ရက်က မလေးရှားနိုင်ငံ ဗဟိုဘဏ်၏
ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။










