မြန်မာ - ဗီယက်နမ် ပူးပေါင်း၍ သင်္ဘောအစင်း ၃ဝ တည်ဆောက်မည်

မြန်မာ - ဗီယက်နမ် ပူးပေါင်း၍ သင်္ဘောအစင်း ၃ဝ တည်ဆောက်မည်

နိုင်ငံတကာအဆင့်မီ သင်္ဘောလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက်မြန်မာနှင့်
ဗီယက်နမ် ပူးပေါင်း၍ သင်္ဘော အစင်း ၃ဝ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့
သင်္ဘော ကျင်းလုပ်ငန်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြထားသည်။

မြန်မာနှင့် ဗီယက်နမ် ဖက်စပ်ထူထောင်ထားသော Myanmar Shipyard တုန်အာလီမိတက်
အနေဖြင့် ပြည်တွင်းကုမ္ပဏီတစ်ခု ဖြစ်သော Great Sea Transport and Logistics ကုမ္ပဏီနှင့်
သင်္ဘောအစင်း ၃ဝ တည်ဆောက်ပေးရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး အဆိုပါသင်္ဘောများမှာ ပြည်တွင်းအတွက်သာ ဖြစ်ပြီး ပြည်တွင်းသင်္ဘောလိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း Myanmar Shipyard တုန်အာ
လီမီတက် အထွေထွေမန်နေဂျာ ဦးကျော်ကျော်က ရှင်းပြခဲ့သည်။

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းနှင့် ဗီယက်နမ်နိုင်ငံမှ သင်္ဘောတည် ဆောက်ရေး
ကုမ္ပဏီကြီးတစ်ခုဖြစ် သည့် Dong A တို့သည် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလမှစ၍
ဖက်စပ်ကုမ္ပဏီအဖြစ် ထူထောင်ခဲ့ပြီး ပြည်တွင်းအတွက် သင်္ဘောလိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်ရန် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဆင်မလိုက်တွင် သင်္ဘောများ
တည်ဆောက်လျက်ရှိပြီး စုစုပေါင်း သင်္ဘော ၁ဝ စင်း တည်ဆောက်နေကြောင်း သိရသည်။

တန်ချိန် ၃ဝဝဝ မှ စပြီး တန်ချိန် ၅ဝဝဝ၊ တန်ချိန် ရဝဝဝ အစရှိသဖြင့် သင်္ဘောကြီးများ
တည်ဆောက်သွားရန် စီစဉ်နေ သည့်အပြင် ပြည်တွင်းပုဂ္ဂလိက တစ်ဦးချင်းပိုင်
ငါးဖမ်းသင်္ဘောများ၊ ဆီတင်သင်္ဘောများ၊ တွန်းသင်္ဘောများ တည်ဆောက်ပေးနေကြောင်း၊
သင်္ဘောကျင်းတွင် မြန်မာအင်ဂျင်နီယာ ၆ဝ နှင့် ဝန်ထမ်းအင်အား ၅ဝဝ ခန့် အလုပ်လုပ်ကိုင်
လျက်ရှိကြောင်း သိရသည်။