ထိုင်းနိုင်ငံ ရနောင်းမြို့တွင် လွန်ခဲ့သည့် ဧပြီလအတွင်းက ယာဉ်တိုက်ခံရမှုကြောင့်
သေဆုံးခဲ့သည့် SIFCO စက်ရုံအလုပ်သမား မြန်မာနိုင်ငံမှ အမျိုးသမီးအလုပ်သမ
ငါးဦးနှင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအလုပ်သမနှစ်ဦးအားအောက်တိုဘာ ရ ရက်က
ထိုင်း-မြန်မာ နယ်ခြားကော်မတီအကူအညီဖြင့် လျော်ကြေးငွေများ ထုတ်ပေးခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၀ ရက်က
ဖော်ပြထားသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် မြန်မာအလုပ်သမ ငါးဦးသေဆုံးခဲ့ကြရပြီး သေဆုံးသူ
သုံးဦးအတွက် လျော်ကြေးငွေဘတ် ၄ဝဝဝ စီကို ကနဦးထုတ်ပေးခဲ့ပြီး ယခုအကြိမ်
ထုတ်ပေးမှုမှာ ကျန်ရှိသည့် သေဆုံးသူနှစ်ဦးအနက် တစ်ဦးအတွက်၃၆၃၃၂ ဒသမ ၉၈ ဘတ်နှင့်
အခြားတစ်ဦးအတွက် ၁ဝ၅ဝ ဘတ်တို့ကို သက်ဆိုင်သူများဖြစ်သော ၄င်းတို့၏ မိခင်များထံသို့
လက်ရောက်လွှဲပြောင်းထုတ်ပေးခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရသူ တစ်ဦးဖြစ်သည့် မမီးဇင်အတွက်
ဘတ် ၃ဝဝဝ ကိုလည်း ကာယကံရှင် ကိုယ်တိုင်ထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူငါးဦးလုံးအတွက် လျော်ကြေးငွေအဖြစ် တစ်ဦးလျှင် ဘတ်ငါးသိန်းမှ ခြောက်သိန်း
ခန့်စီကို မကြာမီထပ်မံထုတ်ပေးသွားမည်ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် မမိုးမိုးဇင်အတွက်
ဘတ်ငွေ ၅ဝဝဝ နှင့် မအိအိမိုးအတွက် ဘတ်ငွေ ၃ဝဝဝ ကို ထပ်မံထုတ်ပေးရန်လည်း
ချက်လက်မှတ်ရရှိပြီး ဖြစ်သည်ဟု ဆိုသည်။
လျော်ကြေးငွေများထုတ်ပေးခြင်းခံရသည့် အလုပ်သမများမှာထိုင်းနိုင်ငံ SIFCO အလုပ်ရုံတွင်
တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရင်း ယခုနှစ် ဧပြီလ ၃ဝ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ
ရနောင်းမြို့ စဖန် ပလာလမ်းဘေးတွင် အလုပ်ဆင်းရန် အလုပ်ရုံဖယ်ရီကား စောင့်ဆိုင်းနေစဉ်
အစုအပြံုလိုက် ကားတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။










