နေပြည်တော်တွင် ကျင်းပမည့် " ကလေးစာပေပွဲတော် " ကလေးစာပေ ပြပွဲနှင့် စာအုပ်စျေးရောင်းပွဲသို့ မည်သူမဆို အခမဲ့လာရောက်ပါဝင်ဆင်နွှဲနိုင်

နေပြည်တော်တွင် ကျင်းပမည့် " ကလေးစာပေပွဲတော် " ကလေးစာပေ ပြပွဲနှင့် စာအုပ်စျေးရောင်းပွဲသို့ မည်သူမဆို အခမဲ့လာရောက်ပါဝင်ဆင်နွှဲနိုင်

ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပမည့် "ကလေးစာပေပွဲတော်" ကလေးစာပေပြပွဲနှင့် စာအုပ်စျေး
ရောင်းပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ စနေနေ့တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီထိနေ
ပြည်တော် MICC-2 ၌ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြထားသည်။

ပြိုင်ပွဲများအနေဖြင့် ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲ (၃)ခုကို
ကျင်းပသွားမည် ဖြစ်သကဲ့သို့ အပျော်တမ်း Game ကစားနည်းမျိုးစုံကိုလည်း မည်သူမဆို
ပါဝင်ကစားနိုင်စေရန် စီစဉ်ထားမည် ဖြစ်သည်ဟု ဆိုသည်။

ကလေးစာဖတ်ခန်းကိုလည်း အခမဲ့ဖွင့်လှစ်ထားမည်ဖြစ်ပြီး ကလေးစာပေ၊ စာအုပ်စာစောင်
အရောင်းဆိုင်များလည်း ဖွင့်လှစ်ထားမည်ဖြစ်သည့်အတွက် မည်သူမဆို လာရောက်
လေ့လာနိုင်ကြောင်း ဖော်ပြထားသည်။