၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ငါးနှစ်တာကာလအတွင်း လုပ်ငန်းစီမံချက်ပေါင်း
၃၃၇ ခုကို ပြည်ပ အကူအညီ အမေရိကန်ဒေါ်လာ ၁၉၇၄ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်ကို
ကိုးကားကာမြဝတီသတင်းတစ်ရပ်တွင် အောက်တိုဘာ ၁၁ ရက်က ဖော်ပြထားသည်။
ပြည်ပအကူအညီများကို ကဏ္ဍအလိုက် ခွဲဝေသုံးစွဲရန် သတ်မှတ်ရာတွင်ဆောက်လုပ်ရေး
ကဏ္ဍတွင် ၂၁ ရာခိုင် နှုန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍတွင် ၁၁ ရာခိုင်နှုန်း၊ နည်းပညာ
ကဏ္ဍနှင့် လူမှုကာကွယ်ရေးကဏ္ဍတွင် ၉ ရာခိုင်နှုန်းစီ၊ ပညာရေးကဏ္ဍတွင် ရ ရာခိုင်နှုန်း၊
ပို့ဆောင်ရေးနှင့် စက်မှုကဏ္ဍတွင် ၆ ရာခိုင်နှုန်းစီ၊ ကျန်းမာရေး ကဏ္ဍတွင် ၅ ရာခိုင်နှုန်း၊
အသက်မွေးဝမ်းကျောင်းကဏ္ဍတွင် ၄ ရာခိုင်နှုန်း၊ စာရင်းအင်းကဏ္ဍ၊ ရေရရှိရေးကဏ္ဍ၊
စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ၃ ရာခိုင်နှုန်းစီ၊ သဘာဝဘေးအန္တရာယ်
တားဆီးရေးကဏ္ဍ၊ သစ်တောကဏ္ဍနှင့် မီဒီယာကဏ္ဍတို့တွင် ၂ ရာခိုင်နှုန်းစီ၊ ကုန်သွယ်ရေး၊
ခရီးသွားလုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့တွင် ၁ ရာခိုင်နှုန်းစီ သုံးစွဲရန် စီစဉ်ထားကြောင်း
သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၌ အဓိကအားဖြင့် အခြေခံကျသော အပိုင်းများကိုပြင်ဆင်မှုများ
ဆောင်ရွက်နေပြီး ကဏ္ဍစုံတိုးတက်မှုရှိလာစေရန် ပြည်ပနိုင်ငံအများစုက မြန်မာနိုင်ငံကို
အကူအညီများပေးလျက်ရှိသည်ဟု ဆိုသည်။









