ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်စခန်းသုံးခု တိုက်ခိုက်ခံရမှုတွင် ကျဆုံးခဲ့သူများ၏ မိသားစုများအား ဥရောပသမဂ္ဂမှ ဝမ်းနည်းကြောင်း ပြောကြား
ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်စခန်းသုံးခုအား တိုက်ခိုက်ခံရမှုတွင် ကျဆုံးသွားခဲ့သူများ၏
မိသားစုများ အား ဥရောပသမဂ္ဂမှ ဝမ်းနည်းစာနာကြောင်း ဥရောပသမဂ္ဂ၏ လူမှုကွန်ရက်
စာမျက်နှာတွင် အောက်တိုဘာ ၁၁ ရက်က ဖော်ပြထားချက်အရ သိရသည်။
ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်ပြီး
တိုက်ခိုက်မှု ကျူးလွန်သူများကိုလည်း တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်
ဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သူအားလုံးကို တာဝန်ရှိရှိ ထိန်းထိန်းသိမ်းသိမ်းပြုမှု
ဆောင်ရွက်ကြရန်နှင့် စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ကြရန် ဥရောပသမဂ္ဂအနေဖြင့်
တိုက်တွန်းကြောင်း၊ ယခုကဲ့သို့ အခက်အခဲကြုံတွေ့နေရသည့် ကာလများတွင် မြန်မာနိုင်ငံနှင့်
အတူတကွရပ်တည်လျက် ရှိပါကြောင်း ဖော်ပြထားသည်။









