နိုင်ငံတကာမျက်မမြင် လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် (၂၅)ကြိမ်မြောက်
ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၌
စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် အောက်တိုဘာ ၁၃ ရက်က ဖော်ပြထားသည်။
အဆိုပါ မျက်မမြင်လမ်းလျှောက်ပွဲကျင်းပမည့် လမ်းတစ်လျှောက် ဖြစ်သည့် ဆူးလေဘုရားလမ်း
(ဆူးလေဘုရားအဝိုင်းမှ ကုန်သည် လမ်းကြား)၊ ကုန်သည်လမ်း (ဆူးလေဘုရားလမ်းမှ
ရွှေတိဂုံဘုရား လမ်းကြား)၊ ကမ်းနားလမ်း(ရွှေတိဂုံဘုရားလမ်းမှ ဘုန်းကြီးလမ်းကြား)၊
ဘုန်းကြီးလမ်း (ကမ်းနားလမ်း မှ မဟာဗန္ဓုလလမ်းကြား) နှင့် မဟာ ဗန္ဓုလလမ်း (ဘုန်းကြီးလမ်းမှ
မြို့တော်ခန်းမရှေ့အထိ) လမ်းများအား လမ်းလျှောက်ပွဲကျင်းပမည့် နံနက် ၅ နာရီခွဲမှ ရ နာရီခွဲအထိ
ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း ကျင်းပရေးကော်မတီက သတင်းထုတ် ပြန်ထားကြောင်း သိရသည်။









