လျှပ်စစ်ဓာတ်အား ၃ဝ ကီလိုဝပ်ကျော် သုံးစွဲမည့်ကန်ထရိုက် တိုက်များ ကိုယ်ပိုင်
ထရန်စဖော်မာတပ်ဆင်ရမည့် အစီအစဉ် ကို ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဒေါ်နီလာကျော်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင်
အောက်တိုဘာ ၁၇ ရက်က ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ကန်ထရိုက်တိုက်ခန်းများအနေဖြင့် ၃ဝ ကီလိုဝပ်ထက်
ကျော်လွန်၍ ဓာတ်အားသုံးစွဲရန် လိုအပ်မည်ဆိုပါက အဆိုပါတိုက်ခန်းများအတွက်
ကိုယ်ပိုင်ထရန်စဖော်မာများ တပ်ဆင် ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်
ဓာတ်အားပေးရေးကော်ပို ရေးရှင်းက ညွှန်ကြားခဲ့သော်လည်းဆောက်လုပ်သူများက
မြေနေရာ နှင့် ငွေကြေးအခက်အခဲများ ဖြေလျှော့ပေးနိုင်ရန် တင်ပြခဲ့ကြောင်း သိရသည်။
အများပြည်သူအဆင်မပြေမှုရှိနေသည့်အတွက် ညွှန်ကြားချက်ကို ပြန်လည်သုံးသပ်နေကြောင်း၊
အခက်အခဲများကို သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ညှိနှိုင်းဆွေးနွေးကာ အဖြေရှာ
သွားမည်ဖြစ် ကြောင်း ဝန်ကြီး ဒေါ် နီလာကျော်က ပြောကြားခဲ့သည်။
လျှပ်စစ် ဓာတ်အား ၃ဝ ကီလိုဝပ်ကျော် သုံးစွဲမည့် ကန်ထရိုက်တိုက်များ အနေဖြင့်
ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်စေမည့် ညွှန်ကြားချက် ကို ရန်ကုန်မြို့တော်လျှပ်စစ်
ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သြဂုတ်လ ၁၂ ရက်တွင် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး
အဆိုပါညွှန်ကြား ချက်အရ တိုက်ခန်း တစ်ခန်းလျှင် လျှပ်စစ်သုံးစွဲအား ၁ဝ ကီလိုဝပ်
နှုန်းရှိရုံဖြင့် အခန်းလေးခန်းရှိ နှစ်ထပ်တိုက်များမှစ၍ ကိုယ်ပိုင်ထရန် စဖော်မာတပ်ဆင်
ရမည့် ပုံစံမျိုး ဖြစ်နေသည်ဟု ဆိုသည်။










