ရန်ကုန်-မန္တလေး အမြန်လမ်းအား နိုင်ငံတကာအဆင့်မီ လမ်းမကြီး အဖြစ် အဆင့်မြှင့်တင်မှုကို
ယခုငါးနှစ်တာ ကာလအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ပြောကြား ချက်ကို ကိုးကားကာ မြဝတီသတင်း
တစ်ရပ်တွင် အောက် တိုဘာ ၁၇ ရက်က ဖော်ပြထားသည်။
အဆိုပါအမြန်လမ်းကို ဘေးအန္တရာယ်ကင်းရှင်းပြီး နိုင်ငံတကာအဆင့် မီစေရန်
အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် Pilot Project အဖြစ်
ရန်ကုန်- နေပြည်တော် လမ်းပိုင်း ၁ဝ မိုင်နှင့် နေပြည် တော်-မန္တလေး
လမ်းပိုင်း ၁ဝ မိုင်စီ ပါဝင်သည့် လမ်းပိုင်းနှစ်ခုကို အဆင့် မြှင့်တင်နေခြင်းဖြစ်သည်။
ထို့ပြင် အမြန်လမ်းတစ်လျှောက် ယာဉ်မတော် တဆမှုအဖြစ် အများဆုံးနေရာများ၌
Road Patrol ယာဉ်နှစ်စီးဖြင့် စောင့် ကြပ်ကြည့်ရှုရန် မိုင်တိုင်အပိုင်းအခြားအလိုက်နှင့်
အချိန်နာရီအလိုက် တာဝန်ချထားဆောင်ရွက်လျက်ရှိပြီး ယာဉ်မတော်တဆမှုများဖြစ်ပွားမှု
များအတွက် အမြန်လမ်းတစ်လျှောက်၌ အရေးပေါ်လူနာကုသရေးစခန်းများ
ဖွင့်လှစ်ပေးထားကြောင်း ဖော်ပြထားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းသည် ဝဲယာတစ်ဖက်သုံးလမ်းစီရှိသော ခြောက်လမ်း
သွားလမ်းမကြီးဖြစ်ပြီး လမ်း၏ ဝဲယာ၌ Guard Rail နှင့် ခြံစည်းရိုးခတ်ခြင်းများ
လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။









