ဗီဇာဖောက်ဖျက်သော နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးလျက်ရှိ

ဗီဇာဖောက်ဖျက်သော နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးလျက်ရှိ

 

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများအနက် ပြည်ဝင်ခွင့်ဗီဇာစည်းကမ်းများနှင့်
မသက်ဆိုင်သော အကြောင်း အရာများပြုလုပ်ခြင်း၊ ချမှတ်ထားသော တရားဥပဒေများကို
လိုက်နာမှု မရှိခြင်း၊ နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိခိုက် စေခြင်းတို့ကို
ကျူးလွန်သူများအား ပြည်နှင်ဒဏ်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား
မှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၉ ရက်က ဖော်ပြထားသည်။

ပြည်ဝင်ခွင့်ဗီဇာနှင့် မသက်ဆိုင်သော ကိစ္စများ ပြုလုပ်ခြင်း၊ နိုင်ငံ တော်၏ ယဉ်ကျေးမှု
ဓလေ့ထုံးတမ်းများကို ထိခိုက်စေခြင်း၊ ပြဋ္ဌာန်း ထားသော ဥပဒေများကို ချိုးဖောက်ခြင်းတို့
ပြုလုပ်ခဲ့ပါက မည်သည့် နိုင်ငံခြားသားကိုမဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ပြည်နှင်ဒဏ်ပေးရာတွင် ယခင်နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခြောက်ဦး၊ အိန္ဒိယနိုင်ငံသား
နှစ်ဦး၊ ကိုရီးယားနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား ၂၈ ဦး စုစုပေါင်း ၃၈ ဦးကို
ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း၊ ယခုနှစ် အောက်တိုဘာလလယ်အထိ ရုရှားနိုင်ငံသား
တစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး၊ တရုတ်နိုင်ငံသား ၁၃ ဦး စုစုပေါင်း ၁၆ ဦးကို
ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ
ဒုတိယတိုင်းဒေသ ကြီး ဦးစီးဌာနမှူး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ထို့အပြင် တရားမဝင်ဖွင့်လှစ်ရောင်းချနေသည့် နိုင်ငံခြားသားပိုင် ဆိုင်များကို ပြည်သူများက
တိုက်ရိုက် သော်လည်းကောင်း၊ face book စာမျက်နှာပေါ်တွင်လည်းကောင်း သတင်းပေး
တိုင်ကြားမှု များရှိပါက စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။