ဖောင်တော်ဦးဘုရားပွဲကာလအတွင်း ညောင်ရွှေဟော်ပြတိုက်သို့ လာရောက်လေ့လာသူများ စည်ကားလျက်ရှိ

ဖောင်တော်ဦးဘုရားပွဲကာလအတွင်း ညောင်ရွှေဟော်ပြတိုက်သို့ လာရောက်လေ့လာသူများ စည်ကားလျက်ရှိ

အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကာလအတွင်း အင်းလေး ဒေသ၏ အထင်ကရနေရာများနှင့်
ညောင်ရွှေမြို့၏ သမိုင်းဝင် ညောင်ရွှေဟော်ဝင်းရှိ ပြတိုက်သို့ လာရောက်ကြည့်ရှုလေ့လာသူများဖြင့်
နေ့စဉ် စည်ကားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ လူမှုကွန်ရက်စာမျက်နှာတွင်
အောက်တိုဘာ ၁၉ ရက်က ဖော်ပြထားသည်။

အင်းလေးဖောင်တော်ဦးဘုရား (၂၁) ဌာန ဒေသစာရီ လှည့်လည် အပူဇော်ခံပွဲတော်ကြီး
စတင်ကျင်းပသည့်နေ့မှ ယနေ့အထိ အင်းလေး ကန်အတွင်း အပျော်ခရီးလှည့်လည်ကာ
စက်လှေအပျော်စီးသူများ၊ ဖောင်တော်ဦး ဘုရားကျောင်းနှင့် အင်းလေးကန်သဘာဝ၊
အင်းလေး ရှုခင်းအလှအစုံတို့ကို ရှုမျှော်ခံစား လှည့်လည်သွားလာနေကြသူများ
စည်ကားနေသကဲ့သို့ ညောင်ရွှေမြို့၏ သမိုင်းဝင် ဟော်ဖြစ်သော ညောင်ရွှေဟော်နန်း
ရာဇဝင်ပြတိုက်သို့လည်း နိုင်ငံခြားသားကမ္ဘာ လှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများက
စိတ်ဝင်တစားလာ ရောက် လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မောက်မယ်စော်ဘွားစဝ်ခွန်လှိုင်၏ ဗိသုကာလက်ရာမြောက်စွာ ရေးဆွဲထားသော ပုံစံအတိုင်း
ရှေးနှစ်ပေါင်း ၁ဝဝ ကျော်က တည်ဆောက်ခဲ့သည်ဟု ယူဆရသော ဟော်အဆောက်အအုံကြီးမှာ
မဟာဆန်ဆန် ခ့ံညားထည်ဝါစွာဖြင့် တည်ရှိနေသေးသည်ကို တွေ့မြင်နိုင်ပြီး
ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် အပါအဝင် ဆွေတော်မျိုးဆက် (၃၃)ဆက်
မင်းလုပ်အုပ်ချုပ်ခဲ့ကြသည့် အကြောင်း အရာ မှတ်တမ်းများ၊ အခြားနယ်ရှမ်းစော်ဘွားများနှင့်
ပတ်သက်သော မှတ်တမ်းမှတ်ရာအချက်အလက်များ၊ စော်ဘွားများ ဝတ်ဆင်ခဲ့သည့်
အဝတ်တန်ဆာများ၊ စော်ဘွားအမှုထမ်း၊ အရာထမ်းများ၏ အသုံး အဆောင်ဝတ်စုံပစ္စည်းများအား
ဟော်နန်းအတွင်းအစုံအလင်ပြသ ထားသည်ကို လေ့လာကြည့်ရှုနိုင်ကြောင်း ဖော်ပြထားသည်။