အင်းဝမြို့ဟောင်းမြင်းလှည်းဝန်ဆောင်မှုတွင် အမျိုးသမီး မြင်းလှည်းမောင်းသူ ၂ဝ ကျော်ပါဝင်

အင်းဝမြို့ဟောင်းမြင်းလှည်းဝန်ဆောင်မှုတွင် အမျိုးသမီး မြင်းလှည်းမောင်းသူ ၂ဝ ကျော်ပါဝင်

အောက်တိုဘာလဆန်းမှစ၍ ခရီးသွားဧည့်သည်အများအပြား ဝင်ရောက်လာသည့်
အင်းဝဒေသတွင် မြင်းလှည်းဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသော အမျိုးသမီးမြင်းလှည်း
မောင်းသူ ၂ဝ ကျော်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
အောက်တိုဘာ ၁၉ ရက်က ဖော်ပြထားသည်။

အိုးတုတ်တန်း ဒေသအခေါ် ခရုပတ်တွင် အစီအစဉ်တကျ ဂိတ်ထိုးထားသော မြင်းလှည်း
၂ဝဝ ခန့်ရှိကြောင်း၊ မြင်းလှည်းတစ်ခေါက် ထွက်လျှင် ပုံမှန်နေ့တွက်စာ ငွေကျပ် ၁ဝဝဝဝ ရပြီး
မြင်းအစာဖိုးမှာ တစ်နေ့လျှင် ငွေကျပ် ၂ဝဝဝ ကျော်သာ ကုန်ကျသောကြောင့် တစ် နေ့လျှင်
နှစ်ခေါက်နှုန်းထွက်ရုံဖြင့်ပင် အဆင်ပြေကြောင်း၊ မြင်းလှည်း ဆရာများမှာ နိုင်ငံတကာခရီးသွား
ဧည့်သည်များနှင့် ပြောဆိုမှုများ လာသည့်အတွက် အပြောအဆိုတုံ့ဆိုင်းခြင်းမရှိဘဲ
ရဲရင့်စွာ ပြောဆို လာနိုင်ကြောင်း သိရသည်။

လက်ရှိကာလ အင်းဝမြို့ဟောင်းရှိ ခရီးသွားဧည့်သည်များအတွက် မြင်းလှည်းဝန်ဆောင်မှု
လုပ်ငန်းတွင် အမျိုးသမီးများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းရရှိနေပြီး အမျိုးသမီးမြင်း
လှည်းမောင်း သူများ မြင်းလှည်းမောင်းသည့် မြင်ကွင်းကို နိုင်ငံတကာခရီးသွား ဧည့်သည်များက
မှတ်တမ်းယူလေ့ရှိကြောင်း၊ မြင်းလှည်းဆရာများ မှာ နိုင်ငံတကာခရီးသွားဧည့်သည်များကို
အားထားနေရပြီး ပုံမှန် ဆိုက်စည်းအရ နာမည်ကြီး နေရာ ၄ နေရာ ပို့ပေးပြီး အခြားနေရာသို့
သွားရောက်လိုပါက မြင်းလှည်းဝန်ဆောင်ခပိုပေးရကြောင်း မြင်းလှည်းမောင်းသည့်
ဒေသခံအမျိုးသမီးတစ်ဦးက ရှင်းပြခဲ့သည်။