ဒီရေတောကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ယခုနှစ်အတွင်း စတင်လုပ်ဆောင်မည်

ဒီရေတောကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ယခုနှစ်အတွင်း စတင်လုပ်ဆောင်မည်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ဒီရေတောကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ
လုပ်ဆောင်ရန် ထိန်းသိမ်းရေးအဖွဲ့ သုံးဖွဲ့ကို ရွေးချယ်ခဲ့ရာ ယခုနှစ်အတွင်း ထိန်းသိမ်းရေး
လုပ်ငန်းများ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း အနာဂတ်ဒီရေတောများ အဖွဲ့ (MFF) ၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း တစ်ရပ် တွင် အောက်တိုဘာ ၁၉ ရက်က
ဖော်ပြထားသည်။

မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများ၌ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်း များ လုပ်ဆောင်ရန်
အနာဂတ်ဒီရေတော များအဖွဲ့ (MFF) က ယခုနှစ် အတွက် အမေရိကန်ဒေါ်လာ ရ၅ဝဝဝ
ပံ့ပိုးကူညီပေးခဲ့့ခြင်းဖြစ်သည်။

ပုလောမြို့နယ်၌ ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ရန် Mangrove Service Network ၊
Myanmar Forest Asso citation နှင့် Myanmar Fishery Federation အဖွဲ့တို့ကို
ရွေးချယ်ခဲ့ပြီး ဒီရေတောထိန်းသိမ်း ရေးလုပ်ငန်းများအပြင် ဒေသခံများ၏
အခြေခံစားဝတ်နေရေးဖွံ့ဖြိုးရေး အစီအစဉ်၊ လောင်စာသက်သာသည့် ထင်းမီးဖိုသုံးစွဲရေး
လုပ်ငန်းများ နှင့် ပင်လယ်သယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အနာဂတ်ဒီရေတောများအဖွဲ့ (MFF) ကို အာရှနိုင်ငံများမှ ဒီရေတော များပေါက်ရောက်သည့်
နိုင်ငံများဖြင့် ဖွဲ့ စည်းထားပြီး ၂ဝ၁၄ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ၌
ပြုလုပ်ခဲ့သည့် Mangroves for the Future ၏ (၁၁) ကြိမ်မြောက် အစည်းအဝေးတွင်
အဖွဲ့ဝင်နိုင်ငံ များက မြန်မာနိုင်ငံကို အမြဲတမ်းအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း
ဖော်ပြထားသည်။