ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငွေဆောင်ကမ်းခြေသို့ သြဂုတ်လမှစ၍ လက်ရှိအချိန်ထိ ရေငုပ်ဝါသနာပါသည့် နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်မှု
များပြားလျက်ရှိကြောင်း ပြည်တွင်းရှိ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအချို့၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် အောက်တိုဘာ ၁၉ ရက်က ဖော်ပြထားသည်။
ငွေဆောင်ကမ်းခြေ၏ ရေမှာ အလွန်ကြည်လင်သောကြောင့် ရေငုပ်ပြီး ရေအောက်ရှုခင်း
အလှကို ကြည့်ချင်သော နိုင်ငံခြား ခရီးသွားဧည့်သည်အများစု နှစ်ခြိုက်ကြကြောင်း၊
ရေပြင်အလှ နှင့် ကမ်းခြေသန့်ရှင်းမှုကို ဆက်လက်ထိန်းထားနိုင်မည်ဆိုပါ က
ဧည့်သည်ဝင်ရောက်မှုမှာ လစဉ်တိုးပွားနေမည်ဖြစ်ကြောင်း စမ်းချောင်းမြို့နယ်ရှိ
ခရီးသွားဝန်ဆောင်မှုလုပ်ငန်းပိုင်ရှင်ဒေါ်နီလာ က ပြောကြားခဲ့သည်။
ငွေဆောင်ကမ်းခြေသို့ လာရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်အများစုမှာ
ဥရောပတိုက်သားများဖြစ်ပြီး အမျိုးသမီး ထက် အမျိုးသားဦးရေပိုများသည့်အပြင်
ကမ်းခြေမှာ ချိုင့်ပုံစံ ဖြစ်နေပြီး လှိုင်းစီး၍ အပန်းဖြေနိုင်သောကြောင့် နိုင်ငံခြား
ခရီးသွားဧည့်သည်များ လှိုင်းစီးကြသည်ဟု ဆိုသည်။
ချောင်းသာကမ်းခြေနှင့် ယှဉ်ပါက ဟိုတယ်တည်းခိုခမှာ နှစ်ဆ ခန့်ရှိနေခြင်းနှင့်
စျေးသည်ပေါများမှုမရှိခြင်းတို့ကြောင့် ပြည်တွင်း ရှိ ပြည်သူများမှာ ငွေဆောင်ကမ်းခြေသို့
သွားရောက်မှုနည်းပါးပြီး ချောင်းသာကမ်းခြေသို့သာ သွားရောက်မှုများနေကြောင်း၊
နိုင်ငံ ခြားခရီးသွားဧည့်သည်များသည် ပြည်တွင်း၌ငွေဆောင်ကမ်းခြေ ပြီးပါက
ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေသို့ အများဆုံးသွားရောက် ကြကြောင်း သိရသည်။










