အောင်စိုးမိုးကျော်-၂ အမြန်ရေယာဉ် နစ်မြုပ်မှုနှင့် ပတ်သက်သည့် ရှင်းလင်းပွဲကို တိုင်းဒေသကြီး အစိုးရက ဦးစီးပြုလုပ်မည်

အောင်စိုးမိုးကျော်-၂ အမြန်ရေယာဉ် နစ်မြုပ်မှုနှင့် ပတ်သက်သည့် ရှင်းလင်းပွဲကို တိုင်းဒေသကြီး အစိုးရက ဦးစီးပြုလုပ်မည်

 

ဟုမ္မလင်း- မုံရွာ ခရီးသည်တင် အောင်စိုးမိုးကျော် -၂ အမြန်ရေယာဉ် နစ်မြှုပ်ခဲ့မှုနှင့် ပတ်သက်၍
ရှင်းလင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီတွင် မုံရွာခရိုင်
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြသလ္လာခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ က
ဦးစီးပြုလုပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်
အောက်တိုဘာ ၂၁ ရက်က ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပဏာမမေးမြန်းစုံစမ်းချက်အရ အောင်စိုးမိုးကျော် - ၂
ရေယာဉ် သည် အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခွဲတွင် ဟုမ္မလင်းမြို့မှ စတင်
ထွက်ခွာခဲ့ပြီး ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနှင့် မင်းကင်းမြို့တို့သို့ ၀င်ရောက်ဆိုက်ကပ်ကာ
ခရီးသည်တင်ချ ခဲ့ကြောင်း၊ ရေ ယာဉ်စတင်ထွက်ခွာစဉ်ကပင် ခရီးသည်နှင့် ကုန်ပစ္စည်းများ
အဆမတန်တင်ဆောင်လာသဖြင့် ခရီးသည်အချို့က ပုဂ္ဂလိကရေယာဉ် လိုင်းများကြီးကြပ်မှု
ကော်မတီရုံး၊ အေးငြိမ်းချမ်းသာရေယာဉ်အသင်းနှင့် အောင်စိုးမိုးကျော်-၂ ရေယာဉ်မှ
တာဝန်ဝန်ရှိသူများထံ အန္တရာယ်တွေ့နိုင်သည်ဟု ကန့်ကွက်ပြောဆိုခဲ့သော်လည်း
တစ်စုံတစ်ရာအရေးယူဆောင် ရွက်မှုမရှိခဲ့ကြောင်းနှင့် အောက်တိုဘာ ၁၅ ရက်က
ရေယာဉ်နစ်မြုပ်ခဲ့ရာ တွင် ရေယာဉ်ပေါ်၌ လူ ၃၀၀ ခန့်ပါရှိနိုင်ကြောင်း လွတ်မြောက်လာသည့်
ခရီးသည်များက သုံးသပ်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ပဏာမစာရင်းကောက်ယူမှုများအရ အသက်ရှင်လျက် ကယ်ဆယ်ရရှိသူ ၁၅၉ ဦး၊
ခရီးသွားဖော်အချင်းချင်းရှာမတွေ့သဖြင့် သတင်းပေးပို့သူ ၆၄ ဦး၊ ပျောက်ဆုံးနေသူများ၏
မိသားစုများ သတင်းပေးပို့သူ ၁၆ ဦး ရှိကြောင်း သိရှိရပြီး အောက်တိုဘာ ၂၀ ရက်နေ့အထိ
သေဆုံးသူခရီးသည် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၆၆ ဦး၏ အလောင်းများ
ဆယ်ယူရရှိ ခဲ့ကြောင်း သိရသည်။