စစ်တွေမြို့ရှိ ခေတ္တနေရပ်စွန့်ခွာလာကြသော ဒုက္ခသည်စခန်းသို့ ပြည်ထောင်စုဝန်ကြီးများအဖွဲ့ သွားရောက်ကြည့်ရှု

စစ်တွေမြို့ရှိ ခေတ္တနေရပ်စွန့်ခွာလာကြသော ဒုက္ခသည်စခန်းသို့ ပြည်ထောင်စုဝန်ကြီးများအဖွဲ့ သွားရောက်ကြည့်ရှု

 

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ ၀င်းမြအေး၊ ပြည်နယ်ဝန်ကြီးချုပ်
ဦးညီပုနှင့်အဖွဲ့သည် အောက် တိုဘာလ (၂၁) နေ့တွင် စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းရှိ
ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များမှ
ခေတ္တနေရပ်စွန့်ခွာလာကြသူများအား ကြည့်ရှု အားပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာ တွင် အောက်တိုဘာ ၂၁ ရက်က ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံရာတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒေသနှင့် ဆက်စပ်နယ်မြေများအား
နယ်မြေဒေသလုံခြုံ ရေး၊ အေးချမ်းတည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေးအတွက်
လုံခြုံရေးကို အပြည့်အဝဆောင်ရွက်လျက်ရှိ ကြောင်း၊ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး
ရဲတပ်ဖွဲ့အင်အားနှင့် လက်နက်များကိုလည်း တိုးမြှင့်တပ်ဆင်ထားကြောင်း၊ တပ်မတော်ကလည်း
နယ်မြေစိုးမိုးရေးအတွက် လှည့်ကင်းများ ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေးချမ်းနေပြီ
ဖြစ်သည့်အတွက် ဒေသခံများအနေ ဖြင့် စိုးရိမ်စရာမလိုဘဲ နေရပ်ပြန်မည်ဆိုပါက
ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အတင်းပြန်ခိုင်းခြင်း
မဟုတ်ဘဲ ရပ်ရွာတွင် ကျန်နေခဲ့သူများကို ဆက်သွယ်မေးမြန်းပြီး လုံခြုံအေး ချမ်းမှုရှိပြီဟု
စိတ်ချရမှသာ ပြန်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က
ပြောကြားခဲ့သည်။

ဒုက္ခသည်များမှလည်း မိမိတို့ကျေးရွာကို ဆက်သွယ်မေးမြန်းထားရာ ပြန်လာနိုင်ပြီဖြစ်ကြောင်း
ပြောကြားသည့်အတွက်၊ မိမိတို့ဒေသကို တစ်စုတစ်စည်းတည်း ပြန်နိုင်အောင်
စုစည်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဓညဝတီအားကစားကွင်း
ပွဲကြည့် စင်အောက်တွင် ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော ဆေးကု သရေးအဖွဲ့အား
ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ(၁)တွင် အစ္စလာမ်
ဘာသာဝင်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။