ပြည်လမ်း၌ လူကူးခုံးကျော်တံတားတစ်စင်းကို လာမည့် ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်မည်

ပြည်လမ်း၌ လူကူးခုံးကျော်တံတားတစ်စင်းကို လာမည့် ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်မည်

ရန်ကုန်မြို့၊ ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်အနီး ပညာရေး တက္ကသိုလ်ဘက်မှ Junction Square
ဘက်သို့ ဖြတ်သန်းနိုင် သော လူကူးခုံးကျော်တံတားတစ်စင်းကို လာမည့်ဘဏ္ဍာနှစ်အတွင်း
ဘတ်ဂျက်တင်၍ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် အောက်တိုဘာ ၂၁ ရက် က ဖော်ပြထားသည်။

ခုံးကျော်တံတားကို ယခုဘဏ္ဍာနှစ်တွင် မတည်ဆောက်နိုင်သေး သော်လည်း လိုအပ်မည့်
ဘတ်ဂျက်ငွေကို တွက်ချက်တင်ပြပြီး လာမည့် ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန်
စီစဉ်နေကြောင်း၊ ယခု လူကူးခုံးကျော်တံတားတည်ဆောက်မည့် နေရာသည် ယခင်က
မြေအောက်လိုဏ်ခေါင်းဖောက်ကာ မြေအောက်လမ်း တည်ဆောက်ရန် လျာထားသည့်
နေရာတစ်ခုဖြစ်သော်လည်း တစ်ဖက် ခြမ်းတွင် တက္ကသိုလ်ရှိပြီး ကျောင်းသားများအတွက်
လုံခြံုရေး အန္တရာယ်စိုးရိမ်ရခြင်းကြောင့် ခုံးကျော်တံတားတည်ဆောက်ရန်
စီစဉ်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

ထိုနေရာသည် ခရီးသွားအများဆုံးဖြတ်သန်းသည့် နေရာဖြစ်သည့်အတွက် ယာဉ်မတော်တဆမှု
မဖြစ်ပွားစေရေး၊ ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် လူကူးခုံးကျော်တံတား
တည်ဆောက်ပေးရန် စီစဉ်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့အတွင်း တည် ဆောက်ပေးရန်
လိုအပ်နေသေးသော လူကူးခုံးကျော်တံတားများကို ဘတ်ဂျက်ငွေရရှိမှုပေါ်မူတည်၍
တည်ဆောက်ပေးနေကြောင်း သိရသည်။