အုံနာဘုတ် ၊ ၀ှီးတက်နှင့် ယာဉ်တို့ဖြင့် လိုင်စင်မဲ့ယာဉ် ဟုတ်-မဟုတ်ကို ကညနတွင် စစ်ဆေးနိုင်

အုံနာဘုတ် ၊ ၀ှီးတက်နှင့် ယာဉ်တို့ဖြင့် လိုင်စင်မဲ့ယာဉ် ဟုတ်-မဟုတ်ကို ကညနတွင် စစ်ဆေးနိုင်

 လိုင်စင်မဲ့ယာဉ်များအား လိမ်လည်ရောင်းချခြင်းများ ရှိနေသည့်အတွက် ဝယ်ယူမည့်
မော်တော်ယာဉ်များကို လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ်ကို သိနိုင်ရန် အုံနာဘုတ်၊ ဝှီးတက်တို့
ယူဆောင်ကာ လာရောက်စစ်ဆေးနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် အောက်တိုဘာ ၂၁ ရက်က
ဖော်ပြထားသည်။

ထိုသို့ လာရောက်စစ်ဆေးရာတွင် ရောင်းချမည့်သူ သို့မဟုတ် လာရောက် ဆောင်ရွက်သူ၏
နိုင်ငံသားမှတ်ပုံတင်၊ ယာဉ်မှတ်ပုံတင်စာအုပ်၊ ဝှီးတက် နှင့် စစ်ဆေးမည့်ယာဉ်များကို
တစ်ပါတည်းယူဆောင်၍ လာရောက်စစ်ဆေး ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မော်တော်ယာဉ်မစစ်ဆေးမီ ပိုင်ရှင်မှန်ကန်မှုမရှိပါက ယာဉ်မှတ်ပုံ တင်စာအုပ်နှင့်
ယာဉ်တို့ကို သက်ဆိုင်ရာမှ သိမ်းဆည်းအရေးယူသွားမည် ဖြစ်သောကြောင့် သိရှိကြောင်း
ဝန်ခံလက်မှတ်ရေးထိုးရမည် ဖြစ်ကြောင်း၊ မော်တော်ယာဉ်များ ရောင်းချရာတွင် လိုင်စင်မဲ့
ယာဉ်များကို စာအုပ်အတု လုပ်ကာ ရောင်းချခြင်းများ ရှိနေသည့်အတွက် စစ်ဆေးမှုများ
ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။