Myan Auto 2016 ပြပွဲ ကျင်းပမည်

Myan Auto 2016 ပြပွဲ ကျင်းပမည်

AMB Tarsus ကုမ္ပဏီက ကြီးမှူး၍ Myan Auto 2016 ပြပွဲကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ
Myanmar Event Park ၌ အောက်တိုဘာ ၂၈ ရက်မှ ၃ဝ ရက်အထိ ကျင်းပသွားမည်
ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် အောက်တိုဘာ ၂၁ ရက်က ဖော်ပြထားသည်။

အဆိုပါပြပွဲတွင် ပြည်တွင်းမှ ကုမ္ပဏီများနှင့် ကမ္ဘာ့နိုင်ငံအသီးသီး မှ မော်တော်ယာဉ်
အပိုပစ္စည်းရောင်းချသည့် ကုမ္ပဏီများက မော် တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်
ဆက်စပ်ပစ္စည်းများ၊ အင်ဂျင် ဝိုင်၊ ဘရိတ်ဆီ စသည့် စက်သုံးဆီများ၊ မော်တော်ယာဉ်
အလှဆင် ပစ္စည်းများနှင့် ယာဉ်အပိုပစ္စည်းများကို လာရောက်ပြသရောင်းချ သွားမည်ဖြစ်ပြီး
Myan Auto 2016 ပြပွဲသို့ စိတ်ပါဝင်စားသူ မည် သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊
ပြပွဲသို့ လာရောက်ကြည့်ရှု သူများအတွက် ကံစမ်းမဲနှင့် တခြားအစီအစဉ်များ ပါဝင်ကြောင်း
ဖော်ပြထားသည်။

AMB Tarsus သည် ယခင်က AMB အမည်ဖြင့် ကုန်စည်ပြပွဲများနှင့် တခြား Event များကို
စီမံကိုင်တွယ်ပေးသည့် Event ကုမ္ပဏီအဖြစ် သီးခြားရပ်တည်ခဲ့သော်လည်း ယခုနှစ်တွင်
ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့၌ ကုန်သွယ်မှုဆိုင်ရာပြပွဲများကို တာဝန်ယူပေးနေသည့်
ကုမ္ပဏီကြီးတစ်ခုဖြစ်သော Tarsus နှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။