အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများ၊ ငွေကြေးထောက်ပံ့ကူညီသူနှင့် လက်နက်တစ်လက်တို့ကို ဖမ်းဆီးရမိခဲ့

အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများ၊ ငွေကြေးထောက်ပံ့ကူညီသူနှင့် လက်နက်တစ်လက်တို့ကို ဖမ်းဆီးရမိခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွင်
ပါဝင်ခဲ့သူ များ၊ ငွေကြေးထောက်ပံ့ကူညီသူနှင့် လက်နက်တစ်လက်တို့ကို ဖမ်းဆီးရမိ
ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ
၂၄ ရက်က ဖော်ပြထားသည်။

တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
အောက်တို ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်က သတင်းအရ မောင်တောမြို့နယ်၊
ဇီးပင်ချောင်း(တောင်)ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်
ရာတွင် ပါဝင်ခဲ့သည့် ဆွေယောဒူရီ(ဘ) အုံမော်အာသစ်၊ ဂူရာများ (ဘ) ကော်ရုံဂူလာ၊
MV ကော်မော်ရီဒိန် (ဘ) မာမတ်နှင့် မာမက်ဒူလာ (ဘ)အဒူဝါဆေးတို့ ၄ ဦး ကို
ဖမ်းဆီးရမိခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် ဝါးပိတ်ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းရာ
အိမ်တစ်အိမ်အတွင်းမှ အမ်အေ-၁၁ (၁) လက်၊ ကျည်အိမ် (၁) ခုနှင့် ကျည် (၂၅)တောင့်
တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများကို ငွေကြေးထောက်ပံ့
ကူညီအားပေး သည့် မောင်တောမြို့၊ မြို့မတောင် (၂) ရပ်ကွက်နေ မောင်မောင်စိန်(ဘ)
အော်ဇီအူလာကိုလည်း အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့် တွင်
၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များတွင်
ပါဝင်ခဲ့သူများအား ဆက်လက်ဖမ်းဆီးရမိရေးအတွက် တပ်မတော် စစ်ကြောင်းများနှင့်
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်း ခြင်းများ ဆက်လက်ဆောင်ရွက်လျက်
ရှိသည်ဟု ဆိုသည်။