အမေရိကနှင့် ကနေဒါတို့ရှိ TABS ဘော်ဒါဆောင်ကျောင်းအဖွဲ့အစည်းမှ
ဘန်ကောက်မြို့တွင် ကျင်းပ မည့် ပညာရေးပြပွဲတွင် မြန်မာမိဘများနှင့် ကလေးများအား
တွေ့ဆုံမိတ်ဆက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော
အဆိုပါအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တစ်ရပ် တွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီမှ ၈ နာရီအထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ
Inter Continental Hotel တွင် ကျင်းပမည့် TABS ပညာရေးပြပွဲတွင် အမေရိကန်နှင့်
ကနေဒါနိုင်ငံများရှိ ကျောင်းပေါင်း ၂၀ ခန့်မှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသော
ကျောင်းသားမိဘများနှင့် ကျောင်း သားများ တွေ့ဆုံကြမည်ဖြစ်ပြီး ကျောင်းနှင့်
ပက်သတ်သည့် သတင်းအချက်အလက်များ၊ ဝင်ခွင့် ကန့်သတ်ချက်များ၊ ကျောင်းဝင်ကြေး နှင့်
ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ အခွင့်အရေးများကို ကျောင်း၏ တာဝန်ခံကိုယ်စားလှယ်
များမှ တက်ရောက်သူများအား ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း သိရသည်။
အမေရိကနှင့် ကနေဒါနိုင်ငံများရှိ ကမ္ဘာ့အဆင့်မီပညာရေးကို ကမ္ဘာ တစ်ဝန်းမှ
ကျောင်းသားများ တက် ရောက်သင်ကြားနိုင်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ရာ
အမေရိက၏ ပညာရေးစနစ်သာမက ယဉ်ကျေးမှု အစဉ်အလာများကို တွေ့ထိ
နားလည်နိုင်မည့် ဘော်ဒါဆောင်ကျောင်းများ အကြောင်းကို စိတ်ပါဝင်စားသူ
မည်သူမဆိုအခမဲ့ဝင်ရောက်လေ့လာနိုင်ကြောင်း ဖော်ပြထားသည်။









