ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတည်ထောင်သည့် (၇၅)နှစ်ပြည့် စိန်ရတု အထိမ်းအမှတ်
စာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၌
ကျင်းပမည်ဖြစ်ရာ စာတမ်း ဖတ်ပွဲအတွက် စာတမ်းများ ရေးသားပေးပို့နိုင်ကြောင်း
အဆိုပါဌာနမှ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် အောက်တိုဘာ ၂၄ ရက်က ဖော်ပြထားသည်။
စာတမ်းဖတ်ပွဲတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ သမိုင်းကြောင်း၊ မြန်မာစာဌာန၏
ဦးစီးပဲ့ကိုင် ဆရာကြီး၊ ဆရာမကြီးများ၏ ထူးခြားသည့် စွမ်းဆောင်ချက်များ၊ ထူးချွန်
ထင်ရှားကျော်ကြားသော မြန်မာစာကျောင်း သားဟောင်းများ၏ အတုယူဖွယ် ကြိုးပမ်း
ချက်များနှင့် မြန်မာစာသုတေ သန စာတမ်းများကို ရေးသားပေးပို့နိုင်ပြီး မြန်မာစာ
ကျောင်းသားဟောင်း များ၊ အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ မြန်မာစာဆရာဆရာမများ၊
မျိုးဆက်သစ်ကျောင်းသားများနှင့် ပြင်ပစာပေပညာရှင်များ ပါဝင်ရေးသား နိုင်ကြောင်း
သိရသည်။
စာတမ်းခေါင်းစဉ်နှင့် စာတမ်းအကျဉ်းကို အောက်တိုဘာ ၃၁ ရက်တွင် လည်းကောင်း၊
စာတမ်းအပြည့်အစုံကို နိုဝင်ဘာ ၃ဝ ရက်တွင်လည်း ကောင်း နောက်ဆုံးထား၍
ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်၊ မြန်မာ စာဌာနရုံးခန်းသို့ ပေးပို့နိုင်ပြီး စာတမ်း
ဖတ်ကြားချိန် မိနစ် ၂ဝ နှင့် အမေးအဖြေ ၁ဝ မိနစ် ဖြစ်ကြောင်း၊ ပေးပို့သောစာတမ်းများကို
မြန်မာစာဌာန၊ စိန်ရတုစာတမ်းစိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာခင်အေး
(မောင်ခင်မင်-ဓနုဖြူ) ခေါင်းဆောင်သောအဖွဲ့က ရွေးချယ်မည်ဖြစ်ပြီး ဖတ်ကြားခွင့်ရရှိသည့်
စာတမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်မည် ဖြစ်ပြီး စာအုပ်အဖြစ် ပုံနှိပ်
ထုတ်ဝေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။









