ဧဝရက်တောင်ထိပ်သို့ ပထမဆုံးတက်ရောက်ခဲ့သည့် ဂျပန်နိုင်ငံမှ တောင်တက်အမျိုးသမီး
ဂျန်ကို တာဘေသည် အသက် ရ၇ နှစ်တွင် ကွယ်လွန်ခဲ့ကြောင်း ၄င်း၏ မိသားစုဝင်များက
ပြောကြားခဲ့သည်ကို ကိုးကားကာ ဘီဘီစီသတင်းတစ်ရပ်တွင် အောက်တိုဘာ ၂၃ ရက်က
ဖော်ပြထားသည်။
တာဘေသည် လွန်ခဲ့သော လေးနှစ်မှစ၍ အစာအိမ်နှင့်အူလမ်းကြောင်း ကင်ဆာဝေဒနာကို
ခံစားခဲ့ရပြီး စေတာမာမြို့ရှိ ဆေးရုံတစ်ရုံ၌ ဆုံးပါးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
တာဘေသည် သဘာဝဘေးအန္တရာယ် ဆိုးဆိုးရွားရွားထိခိုက်ခံစားခဲ့ရသည့်
ဖူကူရှီးမားဒေသတွင် မွေးဖွားခဲ့သူ ဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ၁၉၇၅ ခုနှစ်တွင်
ဧဝရက်တောင်ကို တက်ခဲ့ရာ တောင်ထိပ်ပေါ်သို့ မရောက်ရှိမီ ၁၂ ရက်အလိုတွင်
တောင် ပေါ်မှ စုပြံုကျဆင်းလာသော နှင်းခဲများနှင့် ရင်ဆိုင်ကြံုတွေ့ခဲ့ရပြီး လမ်းပြ
တစ်ဦးက တူးဖော်ဖယ်ရှားကာ ကယ်ဆယ်ခဲ့မှုကြောင့် ဧဝရက်တောင် ထိပ်သို့ အောင်မြင်စွာ
တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့အမြင့်ဆုံးတောင် ခုနစ်လုံးသို့ တက်ရောက်နိုင်ခဲ့သော တာဘေသည်
ဂျပန်မြေငလျင်နှင့် ဆူနာမီဒဏ်ခံခဲ့ရသည့် ကျောင်း သားများလိုက်ပါလျက် ၂ဝ၁၁ ခုနှစ်၊
ဇူလိုင်လတွင် ဖူဂျီတောင်သို့ နောက် ဆုံးတက်ရောက်ခဲ့ပြီး ၄င်း၏ တောင်တက်ခရီးစဉ်များနှင့်
ပတ်သက်၍ ဂုဏ်ယူဝင့်ကြွားမှုများကိုလည်း ဂျပန်တိုင်းမ်သတင်းစာသို့ ၂ဝ၁၂ ခုနှစ်တွင်
ထုတ်ဖော်ပြောကြားခဲ့သည်။










