နိုင်ငံရေးစာပေစာတမ်းစာအုပ် (ပထမတွဲ+ဒုတိယတွဲ)နှင့် ပြည်သူ့အတွက် ပထမရက် (၁၀၀) စာအုပ်များ ဖြန့်ချိ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး ဦးစီးဌာနမှ အများပြည်သူ
သိရှိ၀ယ်ယူ ဖတ်ရှု နိုင်ရန်အတွက် ပြည်သူ့အတွက် ပထမရက် (၁၀၀) စာအုပ်နှင့်
နိုင်ငံရေးစာပေ စာတမ်းများ (ပထမတွဲ +ဒုတိယတွဲ) စာအုပ်များကို အောက်တိုဘာ ၂၄ ရက်တွင်
စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်များအနက် ပြည်သူ့အတွက် ရက်(၁၀၀) စာအုပ် ရောင်းစျေးမှာ ၃၃၀၀ ကျပ်၊
နိုင်ငံရေးစာပေစာတမ်းများ(ပထမ တွဲ)မှာ ၂၃၀၀ ကျပ်နှင့် နိုင်ငံရေးစာပေစာတမ်းများ
(ဒုတိယတွဲ) မှာ ၂၅၀၀ ကျပ်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ စာပေဗိမာန်
စာအုပ်အရောင်းဆိုင်များတွင် အောက်တိုဘာ ၂၄ ရက်မှ စတင်၍ ၀ယ်ယူနိုင်မည်ဟု
ဆိုသည်။









