ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များသို့ ရေပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ်သစ်များ
ဖော်ထုတ်နိုင်ရန် လေ့လာလျက်ရှိပြီး ၂ဝ၂၅ ခုနှစ်တွင် မြေအောက်ရေသုံးစွဲမှုကို ရပ်တန့်မည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မှ
ဒုတိယဌာနမှူးဦးမျိုးသိန်း၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
အောက်တိုဘာ ၂၄ ရက်က ဖော်ပြထားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေဖြန့်ဝေပေးနိုင်သည့် ပမာဏမှာ ဂါလန် ၂၀၅ သန်း
သာရှိပြီး မြေအောက်ရေမှာ ဂါလန် ၁၆ သန်း ပါဝင်နေကြောင်း၊ မိုးရွာသွန်းမှုလျော့ကျလာခြင်းနှင့်
ထုတ်ယူ သုံးစွဲမှုများလာခြင်းတို့ကြောင့် မြေအောက်ရေ သိသိသာသာလျော့ကျ လာသောကြောင့်
မြေပေါ်ရေနှင့် မြေအောက်ရေတို့ကို ရယူသည့် စနစ်ဖြင့် ရေပေးဝေနေရသည့် ရန်ကုန်မြို့တွင်
မြေအောက်ရေထုတ်ယူ သုံးစွဲသည့် ပမာဏကို လျှော့ချနေခြင်းဖြစ်ကြောင်း၊
တွင်းပေါင်း ရ၆ဝ တွင် ၁၉၇ဝ ပြည့်နှစ်နှင့် ၁၉၈ဝ ပြည့်နှစ်တို့က တူးထားသည့် အဝီစိတွင်း
၁ဝဝ ကို ပိတ်လိုက်ပြီး ထပ်မံတူးခွင့်ပြုမည့် တွင်းအရေအတွက်ကို လည်း လျှော့ချနေကြောင်း
သိရသည်။
လက်ရှိတွင် ၂ဝ၁၄ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် ငမိုးရိပ်ရေပေးဝေရေး စီမံကိန်း၊ ညောင်နှစ်ပင်ရေ
ပေးဝေရေးစက်ရုံမှ ဒုတိယအဆင့်ဖွင့်လှစ် ပေးခဲ့သည့် ရေပိုက်လိုင်းစနစ်တွင် နေ့စဉ် ရေဂါလန်
၄၅ သန်းတိုးမြှင့် ပြီး သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာပမြို့နယ်တို့သို့ ရေပေးဝေနေသည် ဟု
ဆိုသည်။









