ပြည်ပမှ တင်သွင်းထားသည့် ထုတ်လုပ်မှုသက်တမ်း နှစ် ၂ဝ ကျော် မော်တော်ယာဉ်အများအပြား
ပြည်တွင်း၌ ကျန် ရှိနေသေးသည့်အတွက် အဆိုပါယာဉ်များ ဆက်လက်အသုံး ပြုရာတွင်
အဆင်ပြေစေရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှု ဦးစီးဌာနက အောက်တိုဘာလ
နောက်ဆုံးပတ်မှစတင်၍ အဆိုပါယာဉ်များ၏ Shell နှင့် ရှေ့နောက်ကားမီးခွက်မီးလုံး ကြီးများကို
လဲလှယ်တပ်ဆင်ခွင့်ပေးမည် ဖြစ်ကြောင်း မြဝတီ သတင်းတစ်ရပ်တွင် အောက်တိုဘာ ၂၄ ရက်က
ဖော်ပြထားသည်။
လဲလှယ်ခွင့်ပုံစံကို စမ်းသပ်သည့်အနေဖြင့် သုံးစီးလဲလှယ်ပေး ပြီးပြီဖြစ်ကြောင်း၊
နှစ် ၂ဝ ကျော်ယာဉ်များတွင် အစိတ်အပိုင်း များ လဲလှယ်ခွင့်ပေးလိုက်သည့်အတွက်
ရှေ့လျှောက်ဆက်လက် အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာန၏ ခွင့်ပြုချက်နှင့် ထောက်ခံချက်ရယူပြီး အစိတ် အပိုင်း လဲလှယ်တပ်ဆင်မှသာ
တရားဝင်အသိအမှတ်ပြုမည်ဖြစ် ပြီး မိမိသဘောဖြင့် လဲလှယ်ထားသော
ယာဉ်များအား လိုင်စင် သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်များကို ကာလရှည်စီမံကိန်းအနေဖြင့်
လဲလှယ်ခွင့်ပေးသွားမည်ဖြစ်ပြီး လဲလှယ်မည့် ယာဉ်နှင့် အမျိုးအစားတူပြီး ထုတ်လုပ်သည့်
ခုနှစ် ပိုမြင့်သည့် ယာဉ်အမျိုးအစား၏ အပိုပစ္စည်းအဖြစ် ရောင်းချသော Shell နှင့် မီးလုံးကြီး
များဖြင့် လဲလှယ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်း
အရောင်းဆိုင်များ၌ လွယ်ကူစွာ ဝယ်ယူနိုင်ကြောင်း သိရသည်။










