အရည်အသွေးနိမ့် သောက်ရေသန့်ထုတ်လုပ်ရောင်းချမှုများကို စျေးကွက်တွင်း ရှာဖွေဖော်ထုတ် အရေးယူမည်

အရည်အသွေးနိမ့် သောက်ရေသန့်ထုတ်လုပ်ရောင်းချမှုများကို စျေးကွက်တွင်း ရှာဖွေဖော်ထုတ် အရေးယူမည်

အရည်အသွေးနိမ့်သောက်ရေသန့်ထုတ်လုပ်ရောင်းချမှုများကို စျေးကွက်အတွင်း ရှာဖွေဖော်ထုတ်၍
အမျိုးသား အစားအသောက် ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို  ကိုးကားကာ မြဝတီ
သတင်းတစ်ရပ်တွင် အောက်တိုဘာ ၂၄ ရက်က ဖော်ပြထားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA အနေဖြင့် အစားအသောက်ထုတ်လုပ်ခြင်း
ထောက်ခံချက်များကို လုပ်ထုံးလုပ် နည်းများနှင့်အညီ စိစစ်၍ အမြန်ဆုံးထုတ်ပေးနိုင်ရန် ဆောင်ရွက်
လျက်ရှိပြီး စျေးကွက်အတွင်း အရည်အသွေးအာမခံချက်မရှိဘဲ ထုတ် လုပ်ရောင်းချနေသော
သောက်ရေသန့်လုပ်ငန်းများကို ရှာဖွေဖော် ထုတ်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့
ညွှန်ကြားချက်ထုတ်ပြန် ပြီးဖြစ်ကြောင်း သိရသည်။

သောက်ရေသန့်လုပ်ငန်းရှင်များအနေဖြင့် အစားအသောက်ထုတ်လုပ် ခြင်းထောက်ခံချက်ရရှိပြီး
သက်တမ်းရှိမှ သာ ထုတ်လုပ်ရောင်းချရန် နှင့် လုပ်ငန်းသစ်ထောက်ခံချက်လျှောက်ထားဆဲကာလ
အတွင်း ရောင်း ချခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးချက်
ထုတ်ပြန်ထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထုတ်လုပ်သည့် နေရာအထိ
စစ်ဆေးဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူ မည်ဟု ဆိုသည်။