သံတောင်ကြီးမြို့နယ် ကရာချီးကျေးရွာ၌ ဗုံးပေါက်ကွဲ၍ လူငါးဦးဒဏ်ရာရ

သံတောင်ကြီးမြို့နယ် ကရာချီးကျေးရွာ၌ ဗုံးပေါက်ကွဲ၍ လူငါးဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကရာချီးကျေးရွာတွင် ဗုံးပေါက်ကွဲ၍
လူငါးဦးဒဏ်ရာရခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
အောက်တိုဘာ ၂၅ ရက်က ဖော်ပြထားသည်။

ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် လိပ်ပြာကြီးအထက်ကျေးရွာ အုပ်စု ကရာချီးကျေးရွာ
မြောက်ဘက် မိုင် ၂ဝခန့်တွင် အောက်တိုဘာ ၂၃ ရက် နံနက် ၁၁ နာရီခန့်က
ကရာချီးကျေးရွာနေ စောယွာမာ ဒါဆိုး တို့မိသားစုသည် ခရစ်ယာန်ဘုရာရှိခိုးကျောင်းမှ
အပြန် မိဘများဖြစ်သော ဦစောနယ်ဆင်၊ ဒေါ်နော်အဲမလေးဖော၊ အဒေါ်နော် ဂျဲဖော၊ တူဖြစ်သူ စောရှဲလ်ဝီးတို့နှင့်အတူ နေအိမ် နောက်ဖေးမီးဖို ချောင်တွင် ထမင်းစားနေစဉ်
မီးဖိုချောင်အောက်မှ ဗုံးဟု ယူဆရသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ကရာချီးကျေးရွာနေ စောယွာမာဒါဆိုး (၃ဝနှစ်)၊
ဒေါ်နော်အဲမလေးဖော (၆၂နှစ်)၊ နော်ဂျဲဖော (၄၉နှစ်)၊ စောရှဲလ်ဝီး (၂၆နှစ်)၊
ဦစောနယ်ဆင် (၅၇နှစ်)တို့တွင် ဒဏ်ရာ များ ရရှိခဲ့သဖြင့် ဓာတ်မှန်ရိုက်စစ်ဆေး
ကုသနိုင်ရန် သံတောင်ကြီး ပြည်သူ့ဆေးရုံမှ တောင်ငူခရိုင်ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။