မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆိုင်ကယ်ချစ်သူများနှင့် မြန်မာနိုင်ငံအနှံ့အပြားမှ
ဆိုင်ကယ် ချစ်သူများ စုပေါင်းကာ အောက် တိုဘာ ၂၃ ရက်နေ့က ဘီးလင်းမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ မြင်သာ ထေရဝါဒပရဟိတကျောင်းသို့သွားရောက်၍ ပရဟိတလုပ်ငန်းများ
အတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် အောက်တိုဘာ ၂၅ ရက်က ဖော်ပြထားသည်။
ပရဟိတစိတ်ဓါတ်ရှိသော တစ်နိုင်ငံလုံးရှိ ဆိုင်ကယ်ချစ်သူလူငယ် များစုပေါင်းပြီး
ဘီးလင်းရှိ မိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ဆိုင်ကယ်ကို
စိတ်ဝင်စားသူမည်သူမဆို ပါဝင်နိုင်ကြောင်း မော်လမြိုင် M.B.C group မှ ကိုကျော်က
ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့တွင် မော်လမြိုင်၊ မုဒုံ၊ မြဝတီနှင့် သံဖြူဇရပ်မြို့တို့မှ (M.B.C / FREE BIKER)
အဖွဲ့များ စုပေါင်း၍ မော်တော်ဆိုင်ကယ် ၆၀ စီးခန့် ပါ၀င်ပြီး ရန်ကုန်၊ မန္တလေး အစရှိသော
မြို့ကြီးများမှ ဆိုင်ကယ်ချစ်သူ များအဖွဲ့တိုနှင့် ဘီးလင်းမြို့၊ မြင်သာထေရဝါဒပရဟိတကျောင်း၌
စုစည်း ကာ ကျောင်းအတွက် လိုအပ်သော ပစ္စည်းများနှင့် အခြားလှူဖွယ်ပစ္စည်းများကို
သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။










