မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များမှ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်
စစ်တွေမြို့သို့ ခေတ္တနေရပ်စွန့်ခွာလာကြသည့် ဒုက္ခသည်များအား အောက်တိုဘာ ၂၃ ရက်က
ရွှေပြည်တန် အမြန် ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၂၅ ရက်က ဖော်ပြထားသည်။
အဆိုပါဒုက္ခသည်များမှာ စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းကယ်ဆယ်ရေးစခန်းတွင်
ခေတ္တနေထိုင် ကြသူများဖြစ်ကြပြီးနေထိုင်ရာမြို့နယ်များတွင် တည်ငြိမ်အေးချမ်းလာပြီ
ဖြစ်သောကြောင့် ပြန်လိုကြ သဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်
ဦးညီပုနှင့်ပြည်နယ်ဝန်ကြီးများက ရွှေပြည်တန် အမြန်ရေယာဉ်သို့ ပို့ဆောင်ကာ
မိသားစုအသုံးအဆောင်ပစ္စည်းများပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း
သိရသည်။
စစ်တွေမြို့မှ နေရပ်ပြန်ကြသူ အိမ်ထောင်စု ၁၃ စု လူဦးရေ ၂၉ဦးရှိပြီး စစ်တွေမြို့
နာရေးကူညီမှု အသင်းမှလည်း မိသားစုတစ်စုလျှင် ငွေကျပ် ၅ဝဝဝဝ ကို
ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။









