ဟားခါး၌ ချင်းနှစ်သစ်ကူး(Tho) ပွဲတော် ကျင်းပခဲ့

ဟားခါး၌ ချင်းနှစ်သစ်ကူး(Tho) ပွဲတော် ကျင်းပခဲ့

ချင်းတိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ချင်းနှစ်သစ်ကူး(Tho) ပွဲတော်ကို
အောက်တိုဘာ ၂၂ ရက်က ဟားခါးမြို့၊ ကာဆင်ခန်းမ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် အောက်တိုဘာ ၂၅ ရက်က ဖော်ပြထားသည်။

အခမ်းအနားကို Vau Hla သီချင်း သီဆို၍ ဖွင့်လှစ်ကြပြီး သိက္ခာေတော်ရဆရာတော်
ထလာထောန်းက အဖွင့်ဆုတောင်းကာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ
ဒေါ်သောခ့်မဲင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဦးရွှေထီးယိုး တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ သိက္ခာတော်ရ
ဆရာတော် ငွန်ထောင်းမန်ကချင်းအမျိုးသားတစ်ရပ်လုံးအတွက် အထူးဆုတောင်းကို
တောင်းပေးခဲ့သည်ဟု ဆိုသည်။