မြန်မာနိုင်ငံစိတ်ပညာအသင်း ခေါင်းဆောင်မှုစိတ်ပညာသင်တန်း ဖွင့်လှစ်ပို့ချမည်
မြန်မာနိုင်ငံစိတ်ပညာအသင်း၏ စီစဉ်မှုဖြင့် ခေါင်းဆောင်မှုစိတ်ပညာ (Psychology of Leadership)
သင်တန်းကို ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
အောက်တိုဘာ ၂၅ ရက်က ဖော်ပြထားသည်။
နိုဝင်ဘာ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အငြိမ်းစားစိတ်ပညာ
ပါမောက္ခဆရာကြီး၊ ဆရာမကြီးများနှင့် ပညာရှင်များက ဟောပြောပို့ချကြမည်ဖြစ်ရာ
စိတ်ပါဝင်စား၍ တက်ရောက်လိုသူများသည် မြန်မာနိုင်ငံစိတ်ပညာအသင်း၊ ရုံးခန်းအမှတ် (၂၁)၊
(၉)လမ်း လမ်းမတော် မြို့နယ် ရန်ကုန်မြို့ ဖုန်း-ဝ၁-၂၁၂၂၄၃၊ ဝ၁-၂၃၁၆၈၆၁၊ ဝ၉-၅ဝဝ၁၁၂၃
တို့သို့ အချိန်မီဆက်သွယ်၍ တက်ရောက်နိုင်ကြောင်း၊ သင်တန်းသားဦးရေ ကန့်သတ်ထားကြောင်း
သိရသည်။









