၂၀၁၇ ခုနှစ် မေလမှစတင်ကာ သစ်အချောထည်နှင့် အကြမ်းထည်များ ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းမည်

၂၀၁၇ ခုနှစ် မေလမှစတင်ကာ သစ်အချောထည်နှင့် အကြမ်းထည်များ ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းမည်

၂ဝ၁၇ ခုနှစ် မေလမှ စတင်ကာ သစ်ခွဲသား၊ သစ်လုံးများ၊ သစ်အချောထည်နှင့်
အကြမ်းထည်များ ပြည်ပတင်ပို့ မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်တောထွက်
ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
အောက်တိုဘာ ၃၁ ရက်က ဖော်ပြထားသည်။

၂ဝ၁၇ ခုနှစ် မေ ၁ ရက်မှစတင်ပြီး ပြည်တွင်းရောင်းဝယ် ရေးနှင့် သစ်စက်ဌာနမှ
ရောင်းချပေးသော သစ်လုံးများနှင့် သစ်ခွဲသားများအား ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းမည်
ဖြစ်ကြောင်း၊ ကုန်ကြမ်းရှားပါးသည့်အပြင် ပြည်တွင်းသုံး သစ် များကို ပြည်ပသို့
ပို့နေရသည့်အတွက် ပြည်တွင်းသစ်သုံးစွဲ မှုတွင် လုံလောက်မှုမရှိမည်ကို စိုးရိမ်နေရကြောင်း၊
ပြည်တွင်း သုံးစွဲမှုဖူလုံစေရေးအတွက် ပြည်တွင်းအတွက် ရောင်းသော သစ်များကို
ပြည်တွင်း၌သာ သုံးစွဲစေလိုကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များ
အသင်းချုပ် အတွင်း ရေးမှူး ဦးစိုးဝင်းက ပြောကြားခဲ့သည်။

ပြည်ပသို့ သစ်ခွဲသား၊ သစ်လုံးများ၊ သစ်အကြမ်းထည်နှင့် သစ်အချောထည်များ တင်ပို့မှုမှာ
ကုန်ကြမ်းရှားပါး မှုနှင့် ကုန်ကျစရိတ်တိုးမြင့်လာမှုကြောင့် တစ်နှစ်ထက် တစ်နှစ်
လျော့နည်းလာကြောင်း၊ ၂ဝ၁၅ ခုနှစ်မှစ၍ ပြည်ပသို့ သစ် ခွဲသားများ တင်ပို့မှုလျော့နည်းလာကြောင်း၊
ပြည်တွင်း စျေးကွက်တွင် သစ်အသုံးပြုမှုနှင့် ရောင်းချမှုမလုံလောက်မှုများ
ထပ်မံမကြံုစေလို၍ ပြည်ပတင်ပို့ရောင်းချမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၀န်ကြီးဌာနက ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။