ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏ (၃၄)ကြိမ်မြောက် ကျန်းမာရေးအလှူတော်အခမ်းအနားကျင်းပခဲ့
ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏ (၃၄)ကြိမ်မြောက် ကျန်းမာရေးအလှူတော်အခမ်းအနားကို
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ အထက(သနပ်ပင်)ခန်းမ၌ အောက်တိုဘာ ၂၉ နှင့်
၃၀ ရက်များတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် တိုင်းကျန်းမာရေးဦးစီးဌာန၊
ရွှေပါရမီကျန်းမာ ရေးဖောင်ဒေးရှင်းနှင့် မြို့သူမြို့သားများ ပူးပေါင်းစီစဉ်ကျင်းပခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ တွင် အောက်တိုဘာ ၃၁ ရက်က ဖော်ပြထားသည်။










